34 C
Yangon

မြင်းခြံ၊ ကျောက်ကန်ပျူစောထီးရွာသို့ စစ်ကူလာသည့် စစ်ကြောင်းကို ဖြတ်တောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစောထီးရွာ စခန်းသိမ်းတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အောက်တိုဘာလ ၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က မြင်းခြံမြို့နယ် ၊ ကျောက် ကန်ပျူစော ထီးရွာကို ညီနောင်မဟာမိတ်တပ်များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များမှ ၎င်းပျူစောထီးကျေးရွာကို စစ်ကူလာပေး သည့် အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို ဖြတ်တောက် ခုခံတိုက်ခိုက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ကန်ပျူစောထီးကျေးရွာ တိုက်ပွဲသို့ ကျောက်ပြုတ်ကျေးရွာ မြောက်ဘက်အထွက် ဘုရား ကုန်းရှိ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် မြင်းခြံမြို့မှ လည်း ကျောက်ကန်ပျူရွာသို့ စစ်ကူပေးရန် ကျောက်ပြုတ်ရွာဘုန်းကြီးကျောင်းသို့ အကြမ်းဖက်စစ်သား အင်အား အများအပြားရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ မြင်းခြံမြို့မှ စစ်ကူရောက်ရှိလာသည့် အကြမ်းဖက်စစ်သားများကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ကား ၂ စီးဖြင့် မြင်းခြံမြို့သို့ သယ်ဆောင်သွား ကြောင်း သိရသည်။

“လက်နက်ကြီးပစ်ကူပေးနေတဲ့ ကျောက်ပြုတ်ရွာ ဘုန်းကြီးကျောင်းထဲ စစ်ကူစစ်ကြောင်းက ခဏ ဝင်နားပြီး ထမင်းချက်စားနေကြတာ၊ သူတို့ကလည်း စစ်ကြောင်းက ၃ ကြောင်းခွဲလာတာ၊ ကျန်တဲ့ စစ်ကြောင်းတွေကိုလည်း တိုက်တယ်၊ အဲဒီဘုန်းကြီးကျောင်းဝင်ပြီး ထမင်းချက်စားနေတဲ့ စစ် ကြောင်း ကိုလည်း ဝင်တိုက်တာ၊ အဲဒီထမင်းချက်စားနေတဲ့အချိန် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဝင်ပစ်တဲ့အချိန်မှာ ထိခိုက်သေဆုံးမှုများသွားတာ၊ ကျနော်တို့ဘက်က ရဲဘော်တွေအထိအခိုက်မရှိခဲ့ပါ ဘူး” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်တပ်ရင်း -၉ နှင့်အတူ နောင်ရိုး တပ်ဖွဲ့ ၊ PLA ၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့၊ ရွှေခြံသားပြောက်ကျား တပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် (၁၊၂၊ ၃၊၄၊၇) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့အခုလုပ်နေတဲ့ End Point ကရော့ဂျက်က မြို့သိမ်းတိုက်ပွဲတိုက်ဆင်နွှဲဖို့ရည်ရွယ်ထားတ ပါ၊ အခုဆိုရင် ကမ်ပိန်းက ၂၀ ရာခိုင်နှုန်းကတောင်မတက်ဘူးသေးဘူးဖြစ်နေတယ်။ အခုက ထောက် ပံ့ငွေက မရဘူးဖြစ်နေတယ်၊ တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတော့ ကမ်ပိန်းရတဲ့ငွေ တချို့ တောင် အခုတိုက်ပွဲတွေထဲ ကျည်ဖိုး၊ ခဲယမ်းဖိုး သုံးစွဲထားရတယ်။ သေချာတာတစ်ခုကတော့ ဒီကမ် ပိန်းက မြို့သိမ်းတိုက်ပွဲကို ရည်မှန်းထားတဲ့တိုက်ပွဲပါ၊ ဒီကမ်ပိန်းသာအောင်ခဲ့မယ်ဆိုရင် ကျနော်တို့ ရည်မှန်းထားတာတွေ အများကြီးအောင်မြင်ဖို့ရှိပါတယ်။ ဒါကြောင့်မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်း ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။

အလားတူ ကျောက်ကန်ပျူစောထီးကျေးရွာကို တိုက်ခိုက်နေသည့် Myingyan Black Tiger- MBT တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှလည်း နံနက် ၁၁ နာရီအချိန်တွင် အပြီးသတ်သိမ်း ယူနိုင်ခဲ့ကာအကြမ်းဖက်စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး G-3 ကျည် ၅၀ တောင့် ၊ ၅,၅၆ ကျည် ၉၆ တောင့်၊ ၉ မမ ကျည် ၃၆ တောင့်၊ ကိုးလုံးကျည် ၂၀ တောင့်ခန့် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အ ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူများထံမှ ခိုးယူထားသော ရွှေထည် ပစ္စည်း များလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article