33 C
Yangon

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၇၀ ဝန်းကျင်သေဆုံးပြီး အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၅ ဦး ပျောက်ဆုံး

Must read

ရန်ကုန်၊အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၇၀ ဦးဝန်းကျင်သေဆုံးပြီး အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၅ ဦး ပျောက်ဆုံးနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

ပင်လည်ဘူးမြို့ကို ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ကာ အောက်တိုဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၇၀ ဦးခန့် သေဆုံးပြီး ၂၇၅ ဦး ပျောက်ဆုံးနေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၅ ဦး ထိခိုက်ဒဏ်ရာရကာ ၆၀ ဦးစိုးရိမ်ရကြောင်း၊ အလင်းဝင်လာသူ ၄၈ ဦးနှင့် စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး သုံးစွဲထားသည်များကိုလည်း တွေ့ရှိရပြီး စစ်တပ်၏ အဓိကအခြေပြုသည့် စခန်းဖြစ်သော ရဲစခန်းအတွင်းမှလည်း ဘိန်းမဲအထုပ် ၁၈ ထုပ်၊ ခမ ၁ ပိဿာထုပ်၊ ဘိန်းဖြူဆပ်ပြာခွက် ၁၃၅၂ ခု၊ ဘိန်းဖြူအထုပ်သေး ၁၂၈၅ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်၊ ခဲယမ်းမီးကျောက် အမြောက်အများ၊ ကျောက်စိမ်းတုံး (လက် ကောက်)ဆိုဒ်စုံ ၂၃၄ ခု၊ Starlink အစုံ ၁ ခု ၊ အထိုင် Jammer ၅ ခု၊ Jammer Battery ၅ ခု၊ Jammer Battery အားသွင်းခုံ အစုံ ၄ ခု၊ ကျောလွယ် Drone Shooter Gun ၄ စုံ၊ Drone Shooter Gun Tablet ၁ ခု၊ Drone အသေး ၁ ခု၊ ဆက်သွယ်ရေးစက် အစုံ ၈ ခု၊ ဆက်သွယ်ရေးစက် Power Supply လက်လှည့် ၉ ခု၊ လက်ဗွေစစ်သေတ္တာပုံး ၁ ခု သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်က စစ်လေယာဉ်များဖြင့် အကြိမ်ရေ ၆၇၀ ကျော်တွင် ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်၊ ရဲနှင့် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား ၇၇၂ ဦးထိ ရှိခဲ့ပြီး စစ်ကူအင်အားအများအပြားကို လေကြောင်းဖြင့် လာရောက်ချထားပေးခဲ့ကြောင်း သိရှိရသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ အမှတ် ၁ စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း ၁၊ ၂၊ ၄၊ ၈၊ ၁၀ ၊ အမှတ် ၁၊ ၂ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း ၁၊ ၂၊ ၄၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ ၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၃ တပ်ရင်းများ၊ ပကဖ အဖွဲ့များဖြစ်သော စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ရွှေဘိုခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ် ပကဖ၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ အဖွဲ့များဖြစ်သော ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ဒရုန်းအဖွဲ့များ ဖြစ်သော အမှတ် ၁ စစ်ဒေသ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး၊ ရွှေဘိုခရိုင် ပကဖ၊ ပင်လည်ဘူးမြို့နယ် ပကဖ၊ ကောလင်းမြို့နယ် ပကဖ၊ ဝန်းသိုမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article