27 C
Yangon

ရေနံချောင်းမြို့နယ်အတွင်း ပြည်သူပိုင်ပစ္စည်းများကို လှည့်လည်ခိုးယူ လုယက်နေသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း လှည့်လည်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေ‌သော စစ်ကြောင်းအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း People’s Defense Force-Yenangyaung YNG-PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ရေနံချောင်းမြို့နယ်အတွင်း ၁၅ ရက်ကြာ စစ်ကြောင်းထိုး ကျေးရွာများကို လုယက်မှုများ လုပ်ဆောင်ပြီးနောက် ရေနံ ချောင်းမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ရေနံချောင်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့နယ်၊ ယာကြီးပြင် – အင်တောလမ်းပေါ်မှ တဆင့် မကျီးကန်အုပ်စုအတွင်း ဝင်ရောက်လာသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်သား၊ ပျူ စောထီး ပူးပေါင်းစစ်ကြောင်းသည် စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် မကျီးကန်အုပ်စု အတွင်း ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းမိကာ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ကုက္ကိုခွရွာ၊ ကန်လေးကုန်းရွာ၊ ကြွယ်ပုံရွာ တို့ကို လှည့် ပတ်၍ ၁၅ ရက်ကြာ ညအိပ်စခန်းချနေထိုင်ကာ ပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များကလည်း ဝိုင်းဝန်းပိတ်ဆို့မှု တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ စက်တင်ဘာလ ၂၃ ရက်နေ့က ၂ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရတာ။ မနေ့က ၅ ယောက်သေတယ်၊ ဒဏ်ရာ ရတာတွေလည်းများတယ်၊ ၂၃ ရက်နေ့နဲ့ ၁၀ ရက်နေ့အတွင်း စုစုပေါင်း ၇ ယောက် သေတာလို့ ဖရဲသီး ကသတင်းပေးပို့ထားပါတယ်။ ကုက္ကိုခွရွာက ဆိုင်ကယ် ၇ စီးနဲ့ ဖုန်း ၅ လုံးယူသွားတယ်” ဟု People’s Defense Force-Yenangyaung YNG-PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုများကို People’s Defense Force-Yenangyaung – YNG PDF ၊ Tamar Myay Special Column(တမာမြေအထူးလှုပ်ရှားစစ်ကြောင်း)နှင့် အင်တောတိုက်နယ် (ပကဖ) တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင် ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article