27 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်ကိုင်းတိုင်းက ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲရဲ့ နောက်ဆက်တွဲအနေနဲ့ မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောစီတပ်က အယောက် ၇၀ ဝန်းကျင်ဟာ အသီးသီး သေကုန်ကြတဲ့အပြင် ၊ လက်နက်ချတဲ့သူနဲ့ ဖမ်းဆီးရမိသူစုစုပေါင်း အယောက် ၁၅၀ ရှိသလို နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၅ ဦးက ပျောက်ဆုံးနေပြီး ၊ လက်နက်ခဲယမ်းတွေက တောင်ပုံယာပုံ ရရှိထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
  • ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA က ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တွေ ဖွဲ့စည်း ကင်းလှည့်တဲ့အချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို နတ်မြစ်အတွင်း ဖမ်းဆီး ရရှိခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ နဲ့ အာရက္ခတပ်တော် AA တို့ ညှိနှိုင်းပြီး ပြန်လည်လွှတ်ပေး ခဲ့တယ်လို့ AA က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
  • ကရင်ပြည်နယ်က ဘားအံမြို့မှာ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့အတွက် လုံခြုံရေးယူပေးထားတဲ့ ကားကို RPG နဲ့ အနီးကပ်ပစ်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦး ပွဲချင်းပြီးကို သေကုန်ကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article