25.3 C
Yangon

ရေးမြို့နယ်၊ ခလရ ၁၀၆ တပ်ရင်းမှ စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးသူများပြား

Must read

ရန်ကုန်၊ မေ ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခလရ ၁၀၆ တပ်ရင်းမှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း မွန်သွေးတပ်တော်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၁၀၆ မှ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းသည် အောင်သာယာရွာနှင့် ကနင်တမော့ရွာ အကြားကို ရောက်ရှိလာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုထိတွေ့တိုက်ပွဲသည် နာရီပိုင်းသာကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦး ထက်မနည်း ထိခိုက်သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ခလရ ၁၀၆ တပ်ရင်းကနေ အင်အား ၄၀၀ လောက်ပါတဲ့ စစ်ခွေး စစ်ကြောင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာကို အောင်သာယာရွာနဲ့ ကနင်တမော့ရွာ အကြားမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံး ၂၀ လောက်ရှိတယ်။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု မွန်သွေးတပ်တော်မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်သွေးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များဖြစ်သော ရေးပြောက်ကျားတပ်(YGF)ခြေမှုန်းရေးတပ်ခွဲ၊မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် ရာမညမွန်တပ်တော်(RMA)တပ်ရင်း(၉၀၁)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article