27 C
Yangon

ဇီးကုန်းမြို့ပေါ်ရှိ အရက်ဆိုင်တွင် အရက်သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ရဲတပ်ကြပ် ရန်ရှင်းခွာ အလောင်းကို ရဲစခန်း နောက်ပေါက်မှ ခိုးထုတ် သဂြိုလ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်ရှိ အရက်ဆိုင်တွင် အရက်သောက်နေစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့သည့် ရဲတပ်ကြပ် ရန်ရှင်းခွာ အလောင်းကို ရဲစခန်း နောက်ပေါက်မှ ခိုးထုတ်၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြေမြုပ် သဂြိုလ် လိုက်ကြောင်း Kanbalu Underground Warriors အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်ရှိ အရက်ဆိုင်တွင် အရက်သောက်နေသည့် ရဲတပ်ကြပ် ရန်ရှင်းခွာကို Kanbalu Underground Warriors အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုက်ပွင့်၍ သေဆုံးကြောင်း သိရသည်။

သေဆုံးသွားသော ရဲတပ်ကြပ် ရန်ရှင်းခွာ၏ အလောင်းကို အောက်တိုဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဇီးကုန်းမြို့ပေါ် ရဲစခန်း နောက်ပေါက်မှ ခိုးထုတ်၍ မြေမြုပ် သဂြိုလ် လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဝင်ပစ်တဲ့ အချိန်မှာ သိမ်းဆည်းရမိတာတော့မရှိပါဘူး။ လက်နက်မပါခဲ့ပါဘူး။ ရဲခွေး အလောင်းကို မြေမြုပ်တာက ၉ ရက်နေ့ မွန်းလွဲပိုင်းကလို့ သိရတယ်။ စခန်းရှေ့ပေါက်ကနေ မထုတ် ရဲလို့ နောက်ပေါက်က နေခိုးထုတ်ပြီး မြေမြုပ် သဂြိုလ်လိုက်တယ်လို့ သိရတယ်” ဟု Kanbalu Underground Warriors အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article