27 C
Yangon

ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာ နာရေး အခမ်းအနားနှင့် ရွှေကဇောင်းရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သားအမိ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၉ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာ နာရေး အခမ်းအနားနှင့် ရွှေကဇောင်းရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သားအမိ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၉ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၃

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာ နာရေး အခမ်းအနားနှင့် ရွှေကဇောင်းရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သားအမိ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၉ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ဆွာမြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ သဖန်းဆိပ်ကျေးရွာ၌ နာရေးအခမ်းအနားပြုလုပ်နေစဉ် ရေထီးတံတား၌ တပ် စွဲထားသော အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ၃ ကြိမ် ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သဖန်းဇင်ကျေးရွာနေ ပြည်သူ မသဲနှင့် ၎င်း၏ ကလေးငယ် ၁ ဦး၊ ကိုချစ်ဦးတို့ သေဆုံးခဲ့ပြီး ၈ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွှေကဇောင်းကျေးရွာကိုလည်း ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကျေးရွာနေ ပြည်သူ မမာခိုင် ပြင်းထန်ဒဏ်ရာရရှိပြီး လက်ရှိချိန်တွင် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။

“သဖန်းဇင်ရွာမှာက နာရေးတစ်ခုရှိတယ်။ အဲဒီနာရေး အခမ်းအနားမှာ လူတွေစုနေတဲ့ အချိန် ဗုံးကျဲချတာ ဘာ တိုက်ပွဲမှမရှိဘူး။ ကိုချစ်ဦးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေထဲက မသဲရယ် သူရဲ့ ကလေးငယ် ၁ ဦးရယ်က ဒဏ်ရာပြင်းထန်လို့ ထပ်မံသေဆုံးတယ်။ အားလုံးပေါင်း သေဆုံးသူက ၃ ဦးရှိသွားပြီ ပြင်းထန်ဒဏ်ရာရတာက ၈ ဦးရှိတယ်လို့ သိရတယ်။ ရွှေကဇောင်းကျေးရွာကို စစ်တပ်က ထပ်မံပြီး ကျဲချလို့ ရွှေကဇောင်းကျေးရွာက မမာခိုင်ဆိုတဲ့ အမျိုးသမီး တစ်ဦး ဒဏ်ရာအပြင်းအထန်ရလို့ ဆေးရုံ တင်လိုက်ရပြီ ကျဲတဲ့နေရာက ရေထီးတံတားကနေ ကျဲနေတာ မနက်က ဒရုန်းတွေဆင်တယ်လို့ သတင်းရထားတယ်။ ခင်တန်းကျေးရွာ ဘုန်းကြီးကျောင်းမှာလည်း စစ်ခွေးတွေ စခန်းချထားတာရှိတယ်၊” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ သဖန်းဇင်ကျေးရွာသည် အိမ်ခြေ ၁၂၅ လုံး ခန့်ရှိပြီး အကြမ်းဖက် စစ်တပ်က ၂ ကြိမ် မီးရှို့ခံထားသော ကျေးရွာ တစ် ရွာဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article