26 C
Yangon

လားရှိုးမြို့၊ ရပ်ကွက် ၁ နားမခေါ် ကားဂိတ်အနီးသို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ဆိုင်ကယ်စီးလာသောပြည်သူ ၁ ဦးပွဲချင်းပြီး သေဆုံး၊ ယမန်နေ့ တစ်ရက်တည်း လားရှိုးတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA တပ်က သိမ်းပိုက်ထားသော လားရှိုးမြို့၊ ရပ်ကွက် ၁ နားမခေါ် ကားဂိတ်အနီးသို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဆိုင်ကယ်စီးလာသော ပြည်သူ ၁ ဦးပွဲချင်းပြီး သေဆုံးကြောင် MNDAA က ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၃၁ မိနစ်အချိန် စစ်ကောင်စီတပ်က လားရှိုးမြို့ပေါ်သို့ တိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကျဲချခဲ့ကြောင်း၊ ဗုံးများသည် ရပ်ကွက် ၁ နားမခေါ် ကားဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်စီးလာသော ပြည်သူ ၁ ဦးမှာ ဗုံးထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အခြားပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

လေယာဉ်မှ ကျဲချသော ဗုံးပေါက်ကွဲမှုကြောင့် လားရှိုးမြို့ လျှပ်စစ်မီးကြိုးများလည်းပျက်စီးခဲ့ပြီး မြို့တွင်း‌နေရာတချို့ လျှပ်စစ်မီးများပြတ်တောက်ခဲ့ကြောင်း၊ စစ်ကောင်စီက စစ်ရေးပစ်မှတ်နှင့် လုံး၀ သက်ဆိုင်ခြင်းမရှိသော နေရာများကို ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၀၀ နာရီ ၁၀ မိနစ်အချိန် အကြမ်း ဖက်စစ်ကောင်စီက လားရှိုးမြို့အနီးရှိ အီနိုင်းရွာလေးပေါ်သို့ ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် စုစုပေါင်းဗုံး ၇ လုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ပြည်သူ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုး သမီးကြီး ၁ ဦးနှင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နေ့ညနေ ၆ နာရီ ၃၁ မိနစ်အချိန် လားရှိုးမြို့ပေါ်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ဆိုင်ကယ်စီး ပြည်သူတချို့ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုကို MNDAA တပ်များက ကူညီနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နေ့ညနေ ၆ နာရီ ၃၁ မိနစ်အချိန် လားရှိုးမြို့ပေါ်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ဆိုင်ကယ်စီး ပြည်သူတချို့ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုကို MNDAA တပ်များက ကူညီနေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article