33 C
Yangon

ပုဂံမြို့သစ်ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသည့် ကားကို မိုင်းဆွဲတိုက်ခိုက်၊ သီတင်းကျွတ်ကာလ ပုဂံသို့ လည်ပတ်မှုများ မလုပ်ကြရန် တော်လှန်ရေးတပ်များ ထပ်မံ သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်ရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း 21 Bagan People Defense Force တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ပုဂံမြို့သစ်ရဲစခန်းမှ တောင်ဘက်သို့ ထွက် လာ သော အကြမ်းဖက် စစ် ကောင်စီ၏ 4 Wheel ကားတစ်စီးကို ဂန့်ဂါကျေးရွာတောင်ဘက် အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်ရဲဘော် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ဂန့်ဂါရွာတောင်ဘက် အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ပုဂံတောင်ဘက်မှာရော၊ ပုဂံမြို့သစ် မှာ ရော သန်းခေါင်စာရင်းအားကောင်းကောင်းနဲ့ ကောက်နေတာဆိုတော့ ဒီကောင်တွေ ကျွံလာ မှာကိုလည်းသိတယ်၊ အဲဒါကြောင့် ကျနော်တို့ရဲဘော်တွေက ကင်းထောက်လိုက်၊ စောင့်လိုက် လုပ် နေရတာ၊ ပြည်သူတွေကလည်း သတင်းပေးမှုကအားနည်းတယ်၊ စစ်ကောင်စီစိုးမိုးထားတဲ့ နယ်မြေ ဖြစ်တော့ ကြောက်တာလည်းပါတယ်။ အဲဒီနေ့က ပုဂံဘီလူးအဖွဲ့ကလည်း အုပ်ကြီးကို ဝင်ရှင်းသွား တဲ့အချိန်မှာ တနေ့တည်း တစ်ချိန်လည်းလိုဖြစ်သွားတာ။ မိုင်းဆွဲပြီးတော့ ပြန်ပစ်တာတွေရှိတယ်။ ထိခိုက်မှုကတော့ မသိရသေးဘူး” ဟု 21 Bagan People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြးသည်။

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သီတင်းကျွတ်ကာလတွင် အကြမ်းဖက်စစ်တပ်ထောက်တိုင်များ ၊ စစ်ကောင်စီနှင့်ပတ်သက်သော နေရာများ၊ စစ်ကောင်စီယာဉ် တန်းများနှင့် နီးကပ်စွာနေထိုင်ခြင်းမပြုကြရန်နှင့် လိုက်နာမှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့်ပတ် သက်၍ ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း 21 Bagan People Defense Force ကဆို သည်။

ထို့ပြင် အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း နံနက် ၁၀ နာရီ ၃၈ မိနစ်အချိန် ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက် သန်းခေါင်စာရင်းကောက်နေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆော်လီ(ခ) နိုင်နိုင်ထွန်းကို ပုဂံပြည်ဘီလူးတပ်က ပစ်ခတ်ရှင်းလင်းရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ၊ လာမည့်သီတင်းကျွတ်ကာလတွင် ပုဂံသို့ အပန်းဖြေခရီးထွက်လာမှုများ ရှောင်ကြည်ကြရန် မလိုက်နာပါက အပန်းဖြေထွက်လာသူများ၏ အပြစ်သာဖြစ်ကြောင်း၊ တစ်တိုင်းပြည်လုံး ဒုက္ခဆင်းရဲရောက်နေချိန်တွင် မစ်ရှင်များ လုပ်ဆောင်ရမည်ဖြစ်၍ ပျော်ပါးနေသူများကို သတိပေးလိုကြောင်း ပုဂံပြည်ဘီလူးတပ် တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

“ပုဂံ ဆိုတာ ရေပေါ်ဆီ တွေ အပန်းဖြေတဲ့နေရာ မဟုတ်ပါဘူး/ တစ်တိုင်းပြည်လုံးဒုက္ခ ဆင်းရဲ ရောက်နေတဲ့ အချိန်မှာ ပုဂံ မှာ လာပြီ ပျော်ပါးနေကြတာမြင်လိုတောင် မကောင်းပါဘူး။ သီတင်းကျွတ် ကာလ အတွင်း ပုဂံမှာ လာပြီအပန်းဖြေ အပျော်ခရီး လာတဲ့ လူတွေ အနေနဲ့စစ်ကောင်စီ ယာဥ်တန်းများ နှင့် အဝေးဆုံးနေပေးကြပါ။ ဒလန်တွေ ပိုင်ဆိုင်တဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ မနေကြ၊ မစားသောက်ကြပါနဲ့။ သတိပေးပါတယ်။ မလိုက်နာရင် လူကြီးမင်းတို့ အပြစ်သာဖြစ်ပါလိမ့်မယ်” ဟု ပုဂံပြည်ဘီလူးတပ် တာဝန်ရှိသူက တရားဝင် အသိပေးသည်။

သို့ရာတွင် သီတင်းကျွတ်ကာလ ပုဂံတွင် လာရောက် လည်ပတ်သူများ များပြားပြီး ဟိုတယ်များ အပြည့်ဖြစ်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – ပုဂံတွင် ဘုရားသန့်ရှင်းရေး လုပ်နေကြသည့် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပုဂံတွင် ဘုရားသန့်ရှင်းရေး လုပ်နေကြသည့် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article