33 C
Yangon

ညောင်လေးပင်ခရိုင်နှင့် ကလေးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦးထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်းရှိ အုန်းပင်စုကျေးရွာ၌ အခြေစိုက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သေဂေလူကျေးရွာ အတွင်းကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ည ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထပ်မံပြီး ကုန်းချောင်း၀မှနေ၍ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ သေဂေလူကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၇၁ နှစ်အရွယ် တီးဖိုးဌေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အုန်းပင်စုကျေးရွာ၌ အခြေစိုက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ၂ လုံးအား ထပ်မံ ပစ်ခတ်ခဲ့ရာ ကျွန်းကုန်း ကျေးရွာအတွင်း ကျရောက် ကွဲခဲ့ကြောင်း၊ အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်းရှိ စဉ်းအိုးခင်မှနေ၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၆၁ မမ ၂ လုံး ပစ်ခတ်ခဲ့ရာ သဲဖြူရွာဟောင်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၅၆ နှစ်အရွယ် ဦးခင်ကြိုင်မှာ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကုန်းချောင်း၀ မှနေပြီး ၈၁ မမ ၁ လုံး ပစ်ခတ်ခဲ့ရာ ဒေါင်းမို့ကျေးရွာ အပြင် ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၂ နာရီ ၄၅မိနစ် နှင့် ည ၈ နာရီခန့်တွင် ခလရ-၂၆၄ တပ်ရင်းက ၁၂၀မမ နှင့် ၁၂၂ မမ စုစုပေါင်း ၄ လုံး ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့်ကျေးရွာ၊ လက်ခကျေးရွာနှင့် ထိုးဝါးစိုက် ကျေးရွာအကြားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၁၀နာရီခန့်တွင် ဆောထိမြို့နယ်အတွင်း ခမရ-၂၀၊ ခမရ-၃၄၉၊ ခမရ-၃၅၀၊ ခလရ-၅၇ ပူးပေါင်းတပ်ရင်းများက ရှမ်းရွာမှနေပြီး ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ညောင်ပင်ကြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ သားအမိ ၂ ဦး ဖြစ်သည့် ဒေါ်ခင်နိုင်ဝင်း နှင့် မောင်မျိုးသီဟကျော်တို့ လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ရကြောင်း KNU ဗဟိုကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဆည်တောရွာတောင်ဘက် ကမ်းပါးနီတံတား၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဆည်တောကျေးရွာမှ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကမ်းပါးနီတံတားတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ဆည်တောကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်ဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး လက်နဲ့ ဦးခေါင်းများတွင် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကမ်းပါးနီတံတားသည် စစ်ကိုင်းတိုင်းထဲတွင်ရှိပြီး ဂန့်ဂေါမြို့နယ်နှင့် ၆ မိုင်ဝန်းကျင်သာ ဝေးကွာကြောင်း၊ ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ် အစပ်ရှိ ကလေး- ဂန့်ဂေါ ကားလမ်းပိုင်းကို ပျူစောထီးကျေးရွာများက စိုးမိုးထားကြောင်း၊ ကလေးမြို့နယ်ထဲတွင် ကလေး – ဂန့်ဂေါ လမ်းမကြီးဘေးရှိ ကြံသာရွာ၊ အောင်သာယာရွာ၊ မှန်တောရွာများကို စစ်တပ်နှင့် ပျူစောထီးများက စိုးမိုးထားပြီး ဂန့်ဂေါမြို့နယ်ရှိ လမ်းမကြီးဘေးမှ ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခက်ရန်းကျေးရွာများကိုလည်း စိုးမိုးထားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article