35 C
Yangon

စစ်ကောင်စီက “ငါတို့အုပ်ချုပ်မှု ပြန်မရမချင်း ယင်းဒေသတွင် လုံးဝ ငြိမ်းချမ်းမှု မရှိစေရ” ဟုဆိုကာပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲနေမှုအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့ ကူညီနေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြစ်တင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

အကြမ်းဖက်စစ်ကောင်စီ “ငါတို့အုပ်ချုပ်မှု ပြန်မရမချင်း ယင်းဒေသတွင် လုံးဝ ငြိမ်းချမ်းမှု မရှိစေရ” ဟူ၍ ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲနေမှုအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့ ကူညီနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြစ်တင်ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးဖောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလသ မဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက် ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ၏ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအချို့မှာ မြန်မာပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်စေရန် စစ်ကောင်စီကို ကူညီမှုများ ပြုလုပ်လျက်ရှိပြီး လေယာဉ် လောင်စာဆီ၊ တိုက်လေယာဉ်နှင့် ဆက်စပ် နည်းပညာ များကို ပိုမိုတင်သွင်းမှု ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် အရပ်သားများအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများသည် ယခုနှ စ်ကုန်ပိုင်းတွင် ငါးဆကျော် တိုးမြင့်လာခဲ့ပြီး အရပ်သားပြည်သူများအား အကြောက်တရားရစေရန် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာဒေသများတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် မှုများပိုမိုပြုလုပ်ပြီး စစ်ကောင်စီအာဏာပိုင်များမှ “ငါတို့အုပ်ချုပ်မှု ပြန်မရမချင်း ယင်းဒေသတွင် လုံးဝ ငြိမ်းချမ်းမှု မရှိစေရ” ဟူ၍ အရှက်တရား ကင်းမဲ့စွာဖြင့် ပြောင်ပြောင် တင်းတင်း ပြောဆိုထား ကြောင်း သံအမတ်ကြီးက ထောက်ပြထားသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို အဖန်တလဲလဲ မေတ္တာရပ်ခံခဲ့သော်လည်း အဖွဲ့ဝင် နိုင်ငံအချို့မှာ မြန် မာ ပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်စေရန် စစ်ကောင်စီကို ကူညီမှုများ ပြုလုပ်လျက်ရှိပြီး လေယာဉ် လောင်စာဆီ၊ တိုက်လေယာဉ်နှင့် ဆက်စပ် နည်းပညာများကို ပိုမိုတင်သွင်းမှု ပြုလုပ်ခဲ့ကြောင်း၊ထို့ကြောင့် အာဏာ သိမ်း ယူပြီးနောက်ပိုင်းမှစ၍ နိုင်ငံတစ်ဝှမ်းတွင် လေကြောင်းမှ တိုက်ခိုက်မှုများ ကို အရှိန်မြင့် ဆောင်ရွက်ခဲ့ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ဝေဖန်ပြောကြားသည်။

သမားရိုးကျလက်နက်များကြောင့် လူပေါင်းအသက်များစွာ ဆုံးရှုံးနေရပြီး အဆိုပါ လက်နက်များ မဟုတ်မမှန်သူများ လက်ထဲ ရောက်ရှိ သုံးစွဲခြင်းကလည်း လူအများအပြား အသက်ဆုံးရှုံးခဲ့ရသော သာဓကများရှိရာ မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားသည်။

ရှမ်းပြည်နယ်၏ အကြီးဆုံးမြို့တစ်ခုဖြစ်သည့် လားရှိုးမြို့ကို (MNDAA) အဖွဲ့က ထိန်းချုပ် ထားနိုင်ခဲ့ ချိန်မှစ၍ စစ်တပ်မှ အဆက်မပြတ် ဗုံးကျဲချနေပြီး၊ စစ်ကောင်စီကို ဆန့်ကျင်သူများ ရှိသည့် နေရာတွင် ငြိမ်း ချမ်းမှု မရှိစေရဟု ပြည်သူ များကို ခြိမ်းခြောက်ခဲ့ကြောင်း၊ လွန်ခဲ့သော ၄ လကျော် က စစ်ကောင် စီမှ နိုင်ငံ အတွင်း ပျှမ်းမျှ တစ်နေ့လျင် ၇ ကြိမ် လေကြောင်း တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ရာ အရပ် သားများ အသက်ဆုံးရှုံးမှုနှင့် ပျက်စီးဆုံးရှုံးနေရမှုများ သည် ပုံမှန်လို ဖြစ်လာနေကြောင်း သံအမတ်ကြီးက ပြောသည်။

လက်ရှိအခြေအနေများအရ ကုလသမဂ္ဂ၏ ဆောင်ပုဒ်ဖြစ်သော “Leaving no one behind” ဆိုသည် ကို လက်ခံရန် လွန်စာခက်ခဲလျက်ရှိပြီး ယင်းမှာ ဝမ်းနည်းစရာကောင်း သော အမှန် တရားတစ်ခု ဖြစ် ကြောင်း၊ ရာစုနှစ်ဝက်ကျော် တိုင်းပြည်အား စစ်အာဏာရှင်များမှ ထိန်းချုပ်ခံခဲ့ရခြင်းကြောင့် နိုင်ငံ အနေဖြင့် အလွန်အမင်း နောက်ကျကျန်ခဲ့ပြီး ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခုအကြိမ် ၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းယူမှုသည် မှန်းဆထားသည်ထက်ပင် တိုင်းပြည်အား နောက်ပြန်ဆွဲသွားပြီး စစ်တပ်သို့ လက်နက်တင်ပို့မှု၊ တိုက်လေယာဉ်ဆီ တင်ပို့မှု မပြုလုပ်ရန်နှင့် ယင်း တို့၏လုပ်ရပ်များအတွက် အရေးယူ ဆောင်ရွက်မှုပြုပေးရန် အဖွဲ့ဝင်နိုင်ငံများအား မိမိတို့မှ မေတ္တာရပ်ခံခဲ့သော်လည်း အချို့မှာ လုံးဝ တုန့်ပြန်မှု မရှိခဲ့ကြောင်း ၊ပြည်သူများအား စစ်ကောင်စီ၏ သတ်ဖြတ်နေမှုမှ ကာကွယ်ပေးရန်တောင်းဆိုခြင်း သာဖြစ်ပြီး မြန် မာ နိုင်ငံ၏ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူများ အသက်ကို ကယ်တင်ပေးမှု တို့ အပေါ် အမှန် တကယ် စိုးရိမ် အလေး ထားသည်ဆိုပါက စစ်ကောင်စီ ထံသို့ တိုက်လေယာဉ်လောင်စာဆီ၊ လက် နက် နှင့် ဆက်စပ်ပစ္စည်း များ လွဲပြောင်းပေးမှုများရပ်တန့်ခြင်းသည် အလွယ်ကူဆုံး လုပ်နိုင် သည့် အကောင်းဆုံးကူညီ ဆောင်ရွက်မှု ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article