30 C
Yangon

ဒီပဲယင်းမြို့မရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒီပဲယင်း အဖြူရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့ မြို့မရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးများက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း BE တပ်မှ တပ်သား ၁ ဦးသေဆုံးပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ဇော်ဇော်လှိုင် ကို အရှင်ဖမ်းဆီးရမိကာ သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ထို့ပြင် ပျူစောထီး ငသော် ဆိုသူ နှင့် စစ်သား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၈ နာရီခွဲ အချိန်မှာ ဒီပဲယင်းမြို့မ ရဲစခန်းကနေပြီးတော့ ပြည်သူပိုင် နေအိမ်တွေကို ခိုးယူ လုယူဖို့ ထွက်လာသော စစ်ခွေးနဲ့ ပျူစောထီး တွေကို ကျွန်တော်တို့ ဒီပဲယင်းမြို့နယ် အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဆောင်ပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေး ၁ ကောင်သေပြီး ၁ ကောင် အရှင်မိတယ်။ သေနတ် ၁ လက်လည်း သိမ်းဆည်းနိုင်ခဲ့တယ်” ဟု ဒီပဲယင်း အဖြူရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် အဖြူရောင် (ပကဖ) ၊ A2kပကဖ ၊ ပေါင်ချိန် ပကဖ ၊ ခင်ဦးမြို့နယ် NAA-DF နှင့် ခင်ဦး မြို့နယ် LBBGH အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article