30 C
Yangon

စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP-AD နှင့် ပူးပေါင်းသွားသည့် မွန်ပြည်သစ်ပါတီ တပ်ရင်း ၅ မှ တပ်မှူးတပ်သားများနှင့် ပါတီဝင် အားလုံးပြန်လာရန် မွန်ပြည်သစ်ပါတီက ပြန်ခေါ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP- AD) အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သည့် မွန်ပြည်သစ်ပါတီ တပ်ရင်း ၅ မှ ပူပေါင်းသွားသူများ အားလုံး ပြန်လာကြရန် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်က အောက်တိုဘာ ၁၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

NMSP – AD နှင့် ပူးပေါင်းလိုက်ခြင်းသည် မှန်ကန်သည့် လုပ်ရပ်မဟုတ်ဘဲ ပါတီဝင်နှင့် တပ်မှူးတပ်သားများ ဗဟို၏ အမိန့်ညွှန်ကြားချက်ကို ခံယူကာ မိခင်ပါတီသို့ အားလုံးပြန်လာရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ တပ်ရင်း ၅ မှ တပ်မှူး တပ်သားများက NMSP- AD နှင့် ပူးပေါင်းကြောင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်အပေါ် မွန်ပြည်သစ်ပါတီက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

တပ်ရင်း ၅ နှင့် ဘုရား သုံးဆူ ဒေသတစ်ခုလုံး NMSP-AD နှင့် ပူးပေါင်းရန်အတွက် မွန်ပြည်သစ်ပါတီဗဟိုနှင့် NMSP -AD တို့အကြားဆွေး နွေးသဘောတူထားခြင်းမရှိကြောင်း၊ မွန်ပြည်သစ်ပါတီဗဟို ပါတီဝင်များ တပ်ဖွဲ့ဝင်များ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်တောင်းဆိုနိုင်ပြီး ခွင့်ပြုပြီးပါက သွားလိုသည့် နေရာသွားနိုင်ကြောင်း မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ယင်းကြေညာချက်နှင့်ပတ်သက်၍ NMSP-AD နှင့် မွန်ပြည်သစ်ပါတီတို့ကို တရားဝင် ဆက်သွယ်မေးမြန်းသော်လည်း နှစ်ဖက်စလုံးက တစ်စုံတစ်ရာ ဖြေဆိုခြင်းမပြုဘဲ နှုတ်ဆိတ်နေကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article