29 C
Yangon

ဒီပဲယင်းမြို့ကို စစ်တပ်က ယနေ့ သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို အကြမ်းဖက် စစ်တပ်က ယနေ့ သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ ည ၉ နာရီ ၃၃ မိနစ်နှင့် ၉ နာရီ ၃၇ မိနစ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီပဲယင်းမြို့ကို တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မည်ကို ပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

“ဒီပဲယင်းမြို့ပေါ်ကို ဒီနေ့ သတင်းကျွတ်လပြည့်နေ့ ညအချိန်မှာ ဖိုက်တာနဲ့ ၂ကြိမ် ကျဲသွားတယ်။ တံတားဦးတက်လာ်တဲ့ MiG-29 ဖိုက်တာနဲ့ ကန့်ဘလူနယ်ဘက်ကနေ ပြန်ဝိုက်လာပြီး ဒီပဲယင်းမြို့ပေါ်ကို ၂ ကြိမ်ဗုံးကျဲသွားတာ လက်ရှိအချိန်ထိ ထိခိုက်မှု အခြေအနေ မသိရသေးဘူး။ အခုည ရေဦးနယ်အနောက်ခြမ်းရွာတွေပေါ်ကနေ ပတ်ဝဲပြီး ၉ နာရီ ၃၃ မိနစ်နဲ့ ၉ နာရီ ၃၇ မိနစ်တွေမှာ ကျဲသွားတာပါ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article