26 C
Yangon

KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး ယမန်နေ့ညပိုင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲပြီး တရုတ်က စစ်ကောင်စီလေယာဉ်ကို မီးကျည်များ ဖောက်၍ ထပ်မံသတိပေးပြန်၊ လားရှိုးမြို့ပေါ်တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ ယမန်နေ့ညပိုင်း စစ်လေယာဉ်များက ဗုံးများကျဲချသွားပြီး တရုတ်-မြန်မာနယ်စပ်ဘက်သို့ နီးကပ်လာသော စစ်လေယာဉ်များကို တရုတ်ဘက်ကလည်း မီးကျည်များ ဖောက်၍ ထပ်မံ သတိပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း လိုင်ဇာမှ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီတပ်၏ စစ်လေယာဉ်များက ဗုံးများကျဲချခဲ့ကြောင်း၊ တရုတ်နိုင်ငံကလည်း မီးကျည်များ ပစ်ဖောက်၍ သတိပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ စစ်လေယာဉ်များက လိုင်ဇာမြို့ပတ်ဝန်းကျင်တွင် ပတ်၍ ဝဲပျံခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၁၁ မိနစ်နှင့် နံနက် ၁ နာရီ ၁၄ မိနစ်အချိန်တို့တွင် တံတားဦးလေတပ်မှ MiG-29 တိုက်လေယာဉ်ဖြင့် KIO ဌာနချုပ် လိုင်ဇာမြို့အနီးသို့ ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ၊တရုတ်နိုင်ငံဘက်က စစ်ကောင်စီ၏ လေယာဉ်ကို မီးကျည်ဖြင့် အချက် ၂၀ ပစ်ဖောက်သတိပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ပန်ဝါမြို့ကို သိမ်းတုန်းကလည်း လိုင်ဇာနားကို ဗုံးလာကျဲတယ်။ မနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ကန်ပိုက်တီး အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ကိုသိမ်းတော့လည်း လိုင်ဇာနားကိုပဲ ဗုံးလာကျဲတယ်။ လေယာဉ်တွေက ဝဲပျံပြီးတော့ ဗုံးကျဲချတာ။ တရုတ်ဘက်ကလည်း မီးကျည် ဖောက်တာတွေ ကြားရတယ်။ စစ်လေယာဉ်တွေက လိုင်ဇာမြို့ပေါ်ကနေပျံသလို တရုတ် နယ်စပ်နားကနေလည်း ပျံတယ်။ တရုတ်တွေကတော့ ထုံးစံအတိုင်း မီးကျည်နဲ့ပစ်သတိပေးတာရှိတယ်။ စစ်လေယာဉ်တွေက နောက်တခေါက်လည်း ထပ်ပျံဝဲခဲ့တယ်။ ပထမတစ်ခေါက်လေယာဉ်ကတော့ အသံနားထောင်ရတာ Y12 ဖြစ်ဖို့များတယ်” ဟု လိုင်ဇာရောက် စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီ ၂၀ မိနစ်အချိန် ရှမ်းပြည် နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ် ရပ်ကွက် ၈ မန်ဆူ ဘုရားအနီး၊ ရပ်ကွက် ၁၂ ဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များက ဗုံးများကျဲချခဲ့ကြောင်း၊ လတ်တလော ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရှိရသေးကြောင်း လားရှိုးမှ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – ညအချိန် ပျံသန်းလေ့ကျင့်နေသော အကြမ်းဖက်စစ်တပ်၏ တိုက် လေယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ညအချိန် ပျံသန်းလေ့ကျင့်နေသော အကြမ်းဖက်စစ်တပ်၏ တိုက် လေယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article