26 C
Yangon

ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို KNLA ၊ PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စခန်းဦးစီးအရာရှိထွက်ပြေးလွတ်မြောက်သွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို KNLA ၊ PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် ဝေါမြို့နယ်၊ရှမ်းကိုင်းကျေးရွာ၊ရေတံခါးဂိတ်ရှိ စစ်တပ်နှင့်ပျူစောထီးများ စောင့်ကြပ်နေသော ရွာအဝင်ဂိတ်ကို KNLA ဦးဆောင်၍ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က သွားရောက်တိုက်ခိုက်စခန်းသိမ်းခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၂ ဦး၊ ပျူစောထီး ၃ ဦး စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေ ဆုံး ခဲ့ကြောင်း၊ ပျူစောထီး ၂ ဦးဒစ်ရာရရှိကြောင်း၊ စခန်းဦးစီးအရာရှိမှာထွက်ပြေးလွတ် မြောက်သွားကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်သိမ်းဆည်းရရှိမှုအနေဖြင့် ပစ္စတို ၁လက်၊ G-3 ၄ လက်၊ အူဇီ ၁လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း၊ ယင်းစစ်ဆေးရေးဂိတ်မှာ မှောင်ခိုလမ်းကြောင်းများမှ ကုန်ပစ္စည်းသယ်ယူမှုများကို ဆက်ကြေးကောက်ခံနေသော ဂိတ် ဖြစ်ပြီး ပြည်သူများကို အကြီးအကျယ် ဒုက္ခပေးနေသော ဂိတ်ဖြစ်ကြောင်း၊ ပြည်သူများက တိုင်ကြားလာ၍ ဝင်ရောက် ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article