26 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် တစ်ခုကို တပ်သားသစ် တစ်သောင်းကျော်ရရှိအောင် အရှိန်အဟုန်မြင့်နေပြီး ၊ သင်တန်းဆင်းတပ်သားသစ်တွေ အကုန်လုံးကိုလည်း ရှေ့တန်းစစ်မြေပြင်တွေနဲ့ ထိုးစစ်တွေမှာ အသုံးပြုနေတယ်လို့ နေပြည်တော် စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တရုတ်-မြန်မာနယ်စပ်အနီးမှာ ရှိတဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တစ်ဝိုက်ကို မနေ့က ညပိုင်းမှာပါ အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံ ဗုံးကျဲသွားပြန်ပြီး ၊ တရုတ်နိုင်ငံဘက်အခြမ်းက အဲဒီ စစ်ကောင်စီရဲ့ လေယာဉ်တွေကို မီးကျည်တွေ ဖောက်ပြီး ထပ်မံ သတိပေးလိုက်ပြန်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်မြို့မှာ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာလည်း ဒုတိယမြောက်နေ့ အဖြစ် မိုးတွေ ဆက်မပြတ် ရွာသွန်းမှုတွေကြာင့် မြို့နယ်တော်တော်များများမှာ ရေကြီးနစ်မြုပ်မှုတွေ တချို့နေရာ တွေမှာ လမ်တွေပါ ပိတ်ဆို့နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article