26 C
Yangon

ဘုတလင်၊ စိုင်ပြင်လေးရွာကို စစ်တပ်က ၄ ကြိမ်မြောက် ထပ်မံမီးရှို့နေပြီး ကျေးရွာသား ၁၀ ဦးကိုလည်း ဆက်လက် ဖမ်းဆီးထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် ထပ်မံမီးရှို့နေပြီး ကျေးရွာသား ၁၀ ဦးကိုလည်း ဆက်လက် ဖမ်းဆီးထားကြောင်း စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စ၍ စိုင်ပြင်လေးရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ရွာထဲ၌ စစ်ကောင်စီ တပ်သား အားလုံး တပ်စွဲထားကြောင်း၊ ထို့ပြင် စိုင်ပြင်လေး ကျေးရွာသား ပြည်သူ ၁၀ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။

“စိုင်ပြင်လေးရွာကို ဒီနေ့ ၁၀ နာရီဝန်းကျင်လောက်တည်းက ဆက်ရှို့နေတာ စစ်ခွေးတွေ စိုင်ပြင်လေးရွာကို မီးရှို့တာ ၄ ကြိမ်ရှိသွားပြီ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေအခြေအနေတော့ အခုထိ မသိရသေးဘူး။ စစ်ခွေး စစ်ကြောင်းက အဲတစ်ရွာလုံးမှာ ဖြန့်ပြီးတော့ တပ်စွဲထားတယ်” ဟု စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်၍ စိုင်ပြင်လေးရွာကို ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့ခြင်းပြီး လက်ရှိချိန်တွင် ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ စိုင်ပြင်လေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article