28 C
Yangon

စစ်ကောင်စီ နှင့်အတူ စစ်ရေး လှုပ်ရှားနေသော ARSA ၊ RSO ၊ ARA လက်နက်ကိုင်တပ်များမှာ ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှု အသစ်ဟု AA ပြော

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

အကြမ်းဖက်စစ်ကောင်စီနှင့်အတူ စစ်ရေးပူးတွဲ လှုပ်ရှားနေသော ARSA ၊ RSO ၊ ARA လက်နက်ကိုင်တပ်ဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ် စပ် ပြည်သူ့ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှု အသစ်ဖြစ်လာကြောင်း AA က ထုတ်ပြန်ပြောဆိုသည်။

ARSA၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့များက အရပ်သားပြည်သူလူထုများကို လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ သတ်ဖြတ်သွားခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ဆက်တိုက် ကျူးလွန်လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့အတူ အချို့နေရာများတွင် အကြမ်းဖက်စစ်ကောင်စီနှင့်အတူ ARSA ၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲများက ပူးတွဲစစ်ရေးလှုပ်ရှားကာ AA ကို လာရောက်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း၊ အဆိုပါ လက်နက်ကိုင်တပ်ဖွဲများ၏ အကြမ်းဖက်အန္တရာယ်မှာ အာရက္ခဒေသ အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသော အရပ်သားပြည်သူ လူထုများအတွက်ပါ များစွာစိုးရိမ်စရာ ကောင်းလှကြောင်း၊ အဆိုပါ အခြေအနေက စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးတိုကို စိန်ခေါ်လျက်ရှိကြောင်း AA က ပြောသည်။

ရခိုင်ပြည်၊ မောင်တော နှင့်ဘူးသီးတောင်မြို့ပတ်ဝန်းကျင်တွင် ARSA ၊ RSO ၊ ARA လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ခိုအောင်းနိုင်သော နေရာများ နှင့် စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင် အချို့ကို AA က လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း၊ အောက်တို ဘာလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန် AA နှင့် ARSAတို့အကြား ဘူးသီးတောင်မြိုနယ်၊ ခရုချောင်း ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ တောင်တန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အခိုင်အမာစခန်းချနေထိုင်ခဲ့သော နေရာ ၄ နေရာ၊ အကြမ်းဖက် စစ်ကောင်စီက တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများအပြင် လက်နက်ကိုင်တပ်ဖွဲ့ဝင်တို့၏ အလောင်းအချို့တိုကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း AA က ဆိုသည်။

အလားတူ အောက်တိုဘာလ ၂၂ ရက်၊ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့်အချိန်တွင်လည်း မောင်တောမြိုနယ်၊ ဂြင်းတောစခန်း၏ အရှေ့ဘက်တွင် ထွက်ပြေးနေသော ARSA လက် နက်ကိုင် တပ်ဖွဲဝင်များနှင့် မိနစ်အနည်း ငယ်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း၊ တပြိုင်နက် တည်း တွင် ထွက်ပြေးလွတ်မြောက်နေသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များ နှင့် အကြမ်းဖက်စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသူများကို AA က လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

လတ်တလော ရခိုင်ပြည်အတွင်း AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများမှာ မောင်တော၊ အမ်း၊ ကျိန္တလီမြို့ ပတ်ဝန်းကျင်များတွင် နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိကြောင်း၊ တောင်ကုတ်မြိုပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲများ ရံဖန်ရံခါဖြစ်ပွားလျက်ရှိကြောင်း၊ စစစ်ကောင်စီက စစ်တွေမြို့ရှိ တပ်စခန်းများမှ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့များဘက်သို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီက ကျိန္တလီ၊ ကမ်းသာယာမြို့များမှလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ မြို၊ ရွာများသိုပါ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ပင်လယ်ပြင်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ စစ်သင်္ဘောကြီးများကလည်း လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ နေ့တိုင်းပြုလုပ်လျက်ရှိပြီး စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုတို့မှာ နေ့တိုင်းဖြစ်ပွားလျက်ရှိကြောင်း AA က ထုတ်ပြန်ပြောဆိုထားသည်။

မောင်တောမြို့တွင်လည်း အကြမ်း ဖက်စစ်ကောင်စီ၏ နခခ ၅ စခန်းတစ်ခုသာ ကျန်ရှိတော့ပြီဖြစ်သော်လည်း မောင်တော နှင့် ဘူးသီးတောင်မြို့များတွင် AA က နယ်မြေစိုးမိုးမှုမရှိသော နေရာအချို့ နှင့် တောထူထပ်သောတောင်တန်းများထဲတွင် ARSA၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့များက တပ်စခန်းများကို အခိုင်အမာတည်ဆောက်လှုပ်ရှားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ARSA အခြေချစခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု AA က ထုတ်ပြန်ထားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article