28 C
Yangon

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းမြသိန်းတန်ဘုရားဝင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မြသိန်းတန်ဘုရားဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မြသိန်းတန်ဘုရား၌ အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထား သောအကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံး ၂ လုံး၊ ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန် ဒရုန်းဖြင့် ဗုံး ၃ လုံး စုစုပေါင်း ဗုံး ၅ လုံးကျဲ ချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို တိကျစွာ ကျဲချနိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ အရေအတွက် အတိအကျ ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျ အရေအတွက်တော့ မသိရသေးဘူး။ အင်အားကတော့ သုံးဆယ်၊ လေးဆယ်လောက်ပါပဲ၊ လက်နက် ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာရှိပါတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး” ဟု ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ Phoenix SGG ၊ Acid LDF နှင့် Royal Falcon တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် မြသိန်းတန် ဘုရားဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သားများ က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် မန္တလေးတိုင်း မတ္တရာမြို့ နယ်၊ နန်းတော် ကျွန်းကျေးရွာ အရှေ့ဘက် ဥဒေါင်းရွာ၌ အထိုင်ချထားသော လက်နက်ကြီးစခန်းက ၈၁ မမ လက် နက်ကြီးဖြင့် ၂ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကင်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ လူ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article