30 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပြင်ဦးလွင် မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုပြီး အကြမ်းဖက် စစ်ကောင်စီတပ်က တရားဝင် အသိပေးလာပြီး မြို့ထဲက သူတို့ရဲ့ နောက်ဆုံး လက်ကျန် စစ်တပ်မိသားစုဝင်တွေကို စစ်တပ်အစီအစဉ်နဲ့ ပြောင်းရွှေ့ပေးနေကြပြီလို့ စစ်တပ်သတင်းရင်းမြစ်က ကရော ၊ ဝန်ထမ်းအသိုင်းအဝိုင်းကပါ ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း ၊ နတ်မောက်မြို့နယ်က ဆုံမကျီးပင်ကျေးရွာမှာ အကြမ်းဖက် စစ်ကောင်စီအတွက် သန်းခေါင်စာရင်းလိုက်ကောက်နေတဲ့ ပျူစောထီး ခေါင်းဆောင် ဇော်မင်း နဲ့ ကြံ့ဖွတ်ပါတီဝင် ၂ ဦးတို့ ပစ်ခတ်ခံရပြီး ၃ ဦးစလုံး နေရာမှာတင် ပွဲချင်းပြီးကို သေကုန်ကြပြီလို့ နတ်မောက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီ နဲ့ အတူ ရခိုင်ပြည်နယ်မှာ စစ်ရေး လှုပ်ရှားနေတဲ့ ARSA ၊ RSO ၊ ARA လက်နက်ကိုင်တပ်တွေဟာ ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ် လုံခြုံရေး နဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှု အသစ်ဖြစ်လာနေတယ်လို့လည်း အာရက္ခတပ်တော် AA က ထုတ်ပြန်ပြောဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article