26 C
Yangon

ဘန်ကောက်ရှိ စစ်ကောင်စီ မြန်မာသံရုံးက CI စာအုပ်များအသစ် လဲလှယ်ပေးမည်ဆိုသော ကြေညာချက် ယုံကြည်စရာမရှိဟုဆို

Must read

ဘန်ကောက်ရှိ စစ်ကောင်စီ မြန်မာသံရုံးက CI စာအုပ်များအသစ် လဲလှယ်ပေးမည်ဆိုသော ကြေညာချက် ယုံကြည်စရာမရှိဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၃

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ မြန်မာသံရုံးက CI စာအုပ်များအသစ် လဲလှယ်ပေးမည်ဆိုသော ကြေညာချက် ယုံကြည်စရာမရှိကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် Worker Alliance group မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ မြန်မာသံရုံး၏ CI စာအုပ်အဟောင်းများ CI စာအုပ်အသစ် လဲလှယ်နိုင်ရေး စခန်းဖွင့်လှစ် ဆောင်ရွက်နိုင်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ ညှိနှိုင်းနေသည်ဟု ထုတ်ပြန်ထားသော်လည်း အမှန်တကယ် လုပ်ဆောင်ပေးမည်ဟု ကောက်ချက်ချ၍ မရသေးကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောဆိုသည်။

ထိုင်းနိုင်ငံအစိုးရက မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် အလုပ်သမားများကို ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း စက်တင်ဘာလအတွင်းက စာထုတ်ထားသော်လည်း လက်ရှိအချိန်အထိ အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း သိရသည်။

ထိုသို့ ထိုင်းအစိုးရ၏ တရားမဝင်အလုပ်သမားများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ထွက်ပေါ်လာသည့်အပေါ်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြန်မာသံရုံးက ထုတ်ပြန်သည့်အပေါ်တွင် အလုပ်သမားအရေး ဆောင်ရွက်ကြသူများက ယုံကြည်၍ မရကြောင်း ပြောဆိုသည်။

“ကျွန်တော့်အမြင် စစ်ကောင်စီဘက်က လုပ်ပေးမယ်ဆိုပြီး တိတိကျကျ ကောက်ချက်ချလို့ မရသေးဘူး။ အခုလက်ရှိ ဒီလိုလုပ်မယ်ဆိုပြီး စာထုတ်တာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဘာမှသေချာ ပြောလို့ မရသေးဘူး ။ ထိုင်းကလည်း အမျိုးမျိုး ပြောင်းနေတာ မြန်မာနဲ့ ထူးမခြားနားပဲဆိုတော့ တကယ် ဖြစ်လာမှပဲ သိရမယ်”ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် Worker Alliance group မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုင်း အစိုးရ အနေဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် တရားမဝင်အလုပ်သမားများ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်မည့် ဆုံးဖြတ်ချက်အပြင် အလုပ်လုပ်ကိုင် ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသော အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးမည့် နိုင်ငံခြားသား အလုပ်သမားများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အလုပ်လုပ်ကိုင် ခွင့်ပြုမည်ဖြစ်၍ ၂ နှစ်သက်တမ်းရှိသော ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အတည်ပြု ဆုံးဖြတ်ထားသည်။

ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ အလုပ်ဟောင်းမှထွက်ပြီး အလုပ်ရှင်သစ် ရှာဖွေနိုင်သည့် အချိန် ကာလကို ယခင်က ရက် ၃၀ သတ်မှတ်ထားရာမှ ရက်ပေါင်း ၆၀ တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ သို့သော် ထိုင်းအစိုးရအနေနှင့် လက်ရှိအချိန်အထိ တရားမဝင်အလုပ်သမားများ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်မည့် နေရက်ကို ထပ်မံကြေညာထားခြင်း မရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article