27 C
Yangon

စစ်ကောင်စီက ဓာတုပစ္စည်းများ အသုံးပြု တိုက်ခိုက်နေသည့် အထောက်အထားများ ရှိနေပြီးကုလသမဂ္ဂ နှင့်OPCW စာချုပ်အဖွဲ့က စုံစမ်းစစ်ဆေးအရေးယူရန် သံအမတ်ကြီးဦးကျော်မိုးထွန်း တောင်းဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် စစ်ကောင်စီက ဓာတုပစ္စည်းများ အသုံးပြု တိုက်ခိုက်နေသည့် မှတ်တမ်းအထောက်အထားများ ရှိနေပြီး နိုင်ငံတကာနှင့် ဓာတုလက်နက်အသုံးပြုမှု ပိတ်ပင်ရေးဆိုင်ရာအဖွဲ့အစည်း (OPCW) နှင့် စာချုပ်အဖွဲ့ဝင်နိုင်ငံများက စုံစမ်းစစ် ဆေးအရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ ၏ “အခြားအဖျက်စွမ်းအားပြင်းလက်နက်များ” ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း တောင်းလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခများဖြစ်ပွားရာဒေသများတွင် စစ်တပ်က ဓာတုပစ္စည်းများ အသုံးပြုမှုကြောင့် ထိခိုက်ခံရသည့်သူများတွင် ဒဏ်ရာရရှိမှု၊ ယာယီ မသန်စွမ်းဖြစ်မှု၊ အာရုံ ဝေဝါးမှု ခံစား ကြရသည်ကို ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်း သက်သေ အထောက် အထား များ ရှိကြောင်း၊ စစ်ကောင်စီ ၏ သဘောသဘာဝကို သိရှိပြီးဖြစ်သည့် အတိုင်း ၎င်းတို့အနေဖြင့် ဓာတုလက်နက်အသုံးပြုမှု ပိတ်ပင်ရေးဆိုင်ရာအဖွဲ့အစည်း (OPCW) နှင့် စာချုပ် ပါအချက်များ လိုက်နာခြင်း မရှိသည့်ကိစ္စ မှာ အားလုံး အတွက် အရေးကြီး ပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ဤကိစ္စကို အလေထား အရေးယူဆောင်ရွက်ဖို့ လိုကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

ထို့ကြောင့် ဓာတုလက်နက်အသုံးပြုမှု ပိတ်ပင်ရေးဆိုင်ရာအဖွဲ့အစည်း (OPCW) နှင့် စာချုပ် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စစ်ကောင်စီ၏ ဓါတုလက်နက် အသုံးပြုမှု အစီရင်ခံစာ မှတ်တမ်းများ သက်သေအထောက်အထားများ ကို သေချာစွာ စိစစ်ပြီး၊ အချိန်နှင့် တစ်ပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တိုက်တွန်းပါကြောင်း သံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်သည် ဓာတုလက်နက် ထုတ်လုပ်မှု အစီအစဉ် နှင့် ယင်း ကို ထုတ်ဖော်ကြေညာခြင်း မရှိခဲ့သည့် စာချုပ်ပါအချက်ကို လိုက်နာခြင်း မရှိခဲ့သည့် ကိစ္စ ကို ယခုထိ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း၊ ၁၉၈၀ ခုနှစ်များ အတွင်း က စစ်တပ်မှ မြန်မာနိုင်ငံ အလယ်တောင်ပိုင်း ရှိ ထုံးဘိုအနီး တွင် နောက်ဆက်တွဲ ၁ ဓါတုပစ္စည်းဖြစ်သော ဆာလဖာဓာတုပစ္စည်း (sulfur mustard) များ ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်မှု လုပ် ဆောင်ခဲ့ကြောင်း၊ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ရွေးချယ်ခံ အရပ်သားအစိုးရ အနေဖြင့် စစ်တပ်မှ တရားမဝင် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် မတိုင်မီ တစ်နှစ် အလိုခန့်ကသာ သိရှိခဲ့ကြောင်း၊ ယင်းကိစ္စကို ကိုင်တွယ်ဆောင်ရွက်ရေးအတွက် စစ်တပ်က ငြင်းဆန်ခဲ့ကြောင်း၊ ဤသို့ဖြစ်ခြင်းကြောင့် စာချုပ်အဖွဲ့ဝင်မြန်မာနိုင်ငံသည် စာချုပ်၏ အာတီကယ် ၁၊ အပိုဒ် (က)၊ ၂ နှင့် ၄ နှင့် အာတီကယ် ၃၊ စာပိုဒ် ၁ ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ အနေဖြင့် နိုင်ငံတဝှမ်း ပြည်သူများအပေါ် ဓာတုလက်နက်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုလာမီ ကြိုတင်ကာကွယ်မှုများကို မိမိတို့ အနေဖြင့် ဆောင်ရွက် ရန်လိုကြောင်း၊ ဓာတုလက်နက်အသုံးပြုမှုပိတ်ပင်ရေးဆိုင်ရာအဖွဲ့အစည်း (OPCW) နှင့် စာချုပ် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စစ်ကောင်စီ၏ ဓါတုလက်နက်အသုံးပြုမှု အစီရင်ခံစာ မှတ်တမ်းများ သက်သေအထောက်အထားများ ကို သေချာစွာ စိစစ်ပြီး၊ အချိန်နှင့် တစ်ပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ၎င်းက ဆက်လက်တိုက်တွန်းသည်။

မြန်မာပြည်သူများ၏ အသက်များ နှင့် အနာဂတ်ကိုကယ်တင်ပေးနိုင်ရန် စစ်ကောင်စီထံသို့ လက်နက်၊ တိုက်လေယာဉ်လောင်စာဆီ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးနိုင်သည့် ပစ္စည်းများ (dual-use items) နှင့် ဆက်စပ်နည်းပညာများ မရောက်ရှိရေးအတွက် ထိရောက်သော အရေးယူ ဆောင်ရွက်မှု များပြုလုပ်ရန် သံအမတ်ကြီးက ထပ်လောင်းမေတ္တာရပ်ခံတောင်းဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article