27 C
Yangon

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက်နက် ယူဆောင်လာပြီး အလင်းဝင်လာ၍ ဆုငွေချီးမြှင့်

Must read

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက်နက် ယူဆောင်လာပြီး အလင်းဝင်လာ၍ ဆုငွေချီးမြှင့်

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းများမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာ၍ ဆုငွေချီးမြှင့်ခဲ့ကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် G3 ‌သေနတ် ၁ လက် ယူဆောင်လာ၍ ကန့်ဘလူခရိုင် -တပ်ရင်း ၄ ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆုငွေ ချီးမြှင့်တယ်။ အရေအတွက်တော့ ကျွန်တော်တို့ မပြောတော့ဘူး။ ဆုငွေတော့ထိုက်သင့်သလောက်တော့ ကျွန်တော်တို့ ချီးမြှင့်တယ်။ သူနဲ့ ထိုက်တဲ့ဟာပေါ့။ G3 သေနတ် ၁ လက်ပါခဲ့တယ်။ လောလောဆယ်တော့ သူ့ကို အနားပေးထားတုန်းပဲ ရှိသေးတယ်။ သူ့စိတ်ကြိုက် စဉ်းစား ရွေးချယ်ခွင့် ပေးထားသေးတယ်။ လောလောဆယ်တော့ သူ မဆုံးဖြတ်သေးဘူးပေါ့။ သူက ရဲတပ်သားဖြစ်တဲ့အတွက် ကျန်တဲ့ဟာတွေတော့ တိုက်ပွဲ အတွေအကြုံဘာညာတော့ များများစားစားရှိမှာ မဟုတ်ဘူး။ တစ်ခါတစ်ရံ ရှေ့တန်းပို့တဲ့အခါလောက်ပဲရှိတယ်”ဟု ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့သို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သူ၏ နေထိုင်ရေးနှင့် လိုအပ်သည်များကို ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ ကူညီထောက်ပံ့မှုများလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article