26 C
Yangon

စစ်ကောင်စီက ဆိုက်ဘာ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေပြီး အွန်လိုင်းလိမ်လည်မှုနှင့်ဆက်စပ်သူ တချို့ကို စစ်ခေါင်းဆောင်က ဂုဏ်ပြုတံဆိပ်များပင် ချီးမြှင့်နေဟု ကုလသမဂ္ဂတွင် သံအမတ်ကြီး ပြော

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

အကြမ်းဖက် စစ်ကောင်စီက ဆိုက်ဘာ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေပြီး အွန်လိုင်းလိမ်လည်မှနှင့်ဆက်စပ်သူတချို့ကို စစ်အုပ်စုအကြီးအကဲက ဂုဏ်ပြုတံဆိပ်များပင် ချီးမြှင့်နေကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ ၏ “အခြားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေး” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းယူပြီးနောက်တွင် နယ်စပ်ဒေသများတွင် စစ်အုပ်စု ၏ ဩဇာခံ ပြည်သူ့စစ် အဖွဲ့များ၊ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် ၎င်းတို့နှင့် ဆက်စပ်နေသည့် ဒေသတွင်းမှ ဆိုက်ဘာရာဇတ်ဝတ်မှု ကျူးလွန် သူများ က ဆိုက်ဘာမူခင်းကျူးလွန်မည့် Compound များ တည်ထောင်လာ ကြပြီး စစ်တပ်မှအရာရှိကြီးများ အပါအဝင် တာဝန်ရှိ သူများ ကိုယ်တိုင် ဆိုက်ဘာလိမ်လည်မှုတွင် ပါဝင်နေခြင်း သို့မဟုတ် လာဘ်ပေးလာဘ်ယူမှုများကို ကျူးလွန် ခြင်းမျိုးဖြင့် ပါဝင်ပတ်သက်နေကြကြောင်း၊ အချို့သောသူများ သည် စစ်အုပ်စု အကြီးအကဲ၏ ဂုဏ်ပြု တံဆိပ် များ ချီးမြှင့်ခြင်းခံခဲ့ကြရကြောင်း၊ တချို့မှာ စစ်တပ်၏ နိုင်ငံရေးပါတီဖြစ်သော ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝင်များဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

မြန်မာပြည်သူထောင်ပေါင်းများစွာနှင့် အိမ်နီးချင်းနိုင်ငံများအပြင် အခြားဒေသများမှ လူများ သည် ၎င်းတို့၏ ပစ်မှတ်များဖြစ်ခဲ့ကြောင်း၊ လူအများ သည် ဆိုက်ဘာမူခင်းမှတစ်ဆင့် လူကုန်ကူး ခံရမှု၊ စုဆောင်ငွေအများအပြား လိမ်လည် ခံရမှု၊ ယင်းတို့၏ လွတ်မြောက်ရေး အတွက် ငွေလိမ်လည်တောင်းဆိုမှုများ စသည်တို့ကို နည်းလမ်းမျိုးစုံဖြင့် လိမ်လည်ခံနေရ ကြောင်း၊ ယင်းသို့ ဆိုက်ဘာ ရာဇဝတ်ကျူးလွန်သူများကို နိုင်ငံတကာဖိအားပေးမှုကြောင့် စစ်အုပ်စုမှ အပေါ်ယံ ဖမ်းဆီး ပြခဲ့သော်လည်း ယင်းလုပ်ငန်းများသည် စစ်အုပ်စု၏ ပံ့ပိုးကူညီမှုဖြင့် ကောင်းမွန်စွာ ဆက်လက်လည်ပတ်လျက်ရှိကြောင်း သံအမတ်ကြီးက ဆိုသည်။

စစ် အာဏာရှင်များ၏ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို ကျင့်သုံးနေ သည့်အတွက် လွတ်လပ် ပွင့်လင်းပြီး လုံခြုံစိတ်ချရသည့် ဆိုက်ဘာအသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်မည် မဟုတ် ပါကြောင်း၊ ဖုန်း/ဆက်သွယ်ရေးလိုင်းများ ကြားဖြတ်ခိုးယူနားထောင်ခြင်း နှင့် ဆိုင်ဘာ တိုက်ခိုက်မှုများကို ပြည်တွင်းရှိ ပြည်သူများအပြင် ပြင်ပတွင်နေထိုင်သူများထိပါ ပစ်မှတ်ထား လုပ်ဆောင်ခဲ့ကြ ကြောင်း၊ ထို့ပြင် အစိုးရဝန်ကြီးဌာနများရှိ ဝန်ထမ်းများ၏ ဆိုရှယ်မီဒီယာ အသုံးပြုမှုအား စောင့်ကြည့်ထိန်းချုပ်ရန် စစ်အုပ်စုထောက်ခံသော သတင်းပေး များကို တာဝန် ပေး ခန့်အပ်ဆောင်ရွက်ခဲ့ပြီး လွတ်လပ်စွာထုတ် ဖော်ခွင့်ကို ပိတ်ပင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တရားမဝင်အာဏာသိမ်းစစ်အုပ်စုက သတင်းအချက်အလက် နှင့် နည်းပညာ ကို ပြည်သူများအားလူမဆန်စွာ နှိမ်နင်းရေးတွင် လက် နက် သဖွယ်အသုံးပြုနေ ကြောင်း၊ အဖန်တလဲလဲ ကျင့်သုံးလာသည့် ဆင်ဆာပိတ်ပင် မှုကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာပြီး ပဋိပက္ခဖြစ်ပွားသောနေရာများတွင် အင်တာနက်ဖြတ်တောက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုးရွားဆုံးသော လုပ်ဆောင်ချက်မှာ နယ်စပ်ဒေသများတွင် ဆိုက်ဘာရာဇဝတ်မှုကျူးလွန် သည့် အဖွဲ့များ ဖြစ်ပေါ်လာစေရေးအတွက် အားပေးနေခြင်းပင်ဖြစ်ကြောင်း၊ ဆိုက်ဘာ ရာဇဝတ်မှု ကျူးလွန်မှုများ တိုးပွားလာခြင်း နှင့် စပ်လျဉ်း၍ ပြီးခဲ့သည့်လအနည်းငယ်က နိုင်ငံတကာသတင်းဖြစ်ခဲ့ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကန့်သတ်ပိတ်ပင်ခံရပြီး တရားဥပဒေ စိုးမိုးမှုမရှိသည့် အချိန်တွင် စစ်အုပ်စု မှ ပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး တရားမျှတမှု ရှိမည် မဟုတ်သည့်အပြင် အားလုံးပါဝင်ခြင်း အလျဉ်းရှိမည် မဟုတ်ပါ ကြောင်း၊ ယင်းထက် အကြမ်းဖက်မှုများနှင့် မငြိမ်သက်မှုများ ပိုမိုဖြစ်ပွား စေဖြစ်ကြောင်း၊ မြန်မာပြည်သူများအနေဖြင့် ယင်း အတုအယောင်ရွေးကောက်ပွဲ ပြင်းထန်စွာ ကန့်ကွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ပြည်သူများနှင့်ထပ်တူ ပြတ်ပြတ်သားသားနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ပေးပါရန် တိုက်တွန်းပါကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

မြန်မာပြည်သူများ ဆောင်ရွက်နေသည့် သတင်းအချက်အလက်နှင့် နည်းပညာများ အလွဲအသုံးချမှုမှကင်းဝေးပြီး တရားဥပဒေ စိုးမိုးသော ငြိမ်းချမ် သည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် နိုင်ငံတကာ အသိုက်အဝန်းနှင့် အိမ်နီးချင်းနိုင်ငံများက ဝိုင်းဝန်းကူညီထောက်ခံအားပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက ထပ်လောင်းမေတ္တာရပ်ခံထားသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော တပ်ဖွဲ့များက စစ်ကောင်စီနှင့်ပူးပေါင်း၍ ရွှေက္ကိုလ်တွင် အွန်လိုင်းကျားဖြန့် လောင်းကစားနှင့် လိမ်လည်မှုများစွာ လုပ်ဆောင် နေသည့်အပြင် မြ၀တီမြို့နယ်အတွင်း အွန်လိုင်းကျားဖြန့်အသိုက်အဝန်းများစွာ ဖြစ်ထွန်းနေကြောင်း အမေရိကန်အခြေစိုက် United States Institute of Peace က အစီရင်ခံစာများစွာ ထုတ်ပြန်၍ မကြာခဏဆိုသလို ထောက်ပြလျက်ရှိသည်။

ဓာတ်ပုံ – အွန်လိုင်းရာဇဝတ်မှုများကျူးလွန်သော အသိုက်အဝန်းများကို ငွေကြေးရယူ ကာကွယ်ပေးနေသည့် နယ်ခြားစောင့် တပ်ခေါင်းဆောင် စောချစ်သူကို ဂုဏ်ထူးဆောင်ဘွဲ့ပေးနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အွန်လိုင်းရာဇဝတ်မှုများကျူးလွန်သော အသိုက်အဝန်းများကို ငွေကြေးရယူ ကာကွယ်ပေးနေသည့် နယ်ခြားစောင့် တပ်ခေါင်းဆောင် စောချစ်သူကို ဂုဏ်ထူးဆောင်ဘွဲ့ပေးနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article