26 C
Yangon

စလင်းမြို့နယ်တွင် စစ်တပ် ကင်းပုန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး PDF ရဲဘော် ၁ ဦးကျဆုံး၊ စစ်တပ်က ထပ်မံစစ်ကြောင်းနေ၍ တိုက်ပွဲများ ဖြစ်ပွားနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က ထပ်မံစစ်ကြောင်းနေ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် စလင်းမြို့နယ်အတွင်း ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသော နေရာကို တော်လှန်ရေး တပ်ဖွဲ့ဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာ၍ စစ်ကောင်စီ တပ်သားများ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေး တပ်ဖွဲ့များဘပ်မှ ရဲဘော်ဂျုတ်ကြီး (ခ) ခန့်စည်သူလွင် မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကောင်စီ တပ်သားများသည် လက်ရှိချိန်တွင် အင်အား ထပ်မံဖြည့်တင်းပြီး စစ်ကြောင်းထိုးရန် ပြင်ဆင်နေသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ ကျေးရွာနေ ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးနေရကြောင်း သိရသည်။

“တိုက်ပွဲတွေကတော့ အခုထိ ရှိနေသေးတယ်။ ပြည်သူတွေအနေနဲ့ စစ်ခွေးတွေအနီး သွားချင်တွေ မပြုလုပ်ဖို့နဲ့ အချိန်မရွေးတိုက်ခိုက်မှုတွေက ဖြစ်လာနိုင်တယ်” ဟု ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းစစ်အောင် (LPDF) ၊ မိုးကြိုး‌ပြောက်ကျားတပ်ဖွဲ့၊ စလင်းမြို့နယ် (ပကဖ) ၊ မင်းဘူးခရိုင်တပ်ရင်း(၁/၅) မဟာမိတ်အဖွဲ့များ၊ မင်းဘူးခရိုင် ဒုံးလက်ရုံးအဖွဲ့နှင့် ဒေါင်းညီနောင်အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article