26 C
Yangon

လားရှိုးမြို့ကို ယနေ့ တစ်ရက်တည်း လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ပြီး သာသနာ ၂၅၀၀ တောင်ကုန်းနှင့်ဘုန်းကြီးကျောင်းကိုပါ လေယာဉ်ဖြင့် ဗုံးကျဲဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ယနေ့ တစ်ရက်တည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ပြီး လားရှိုးမြို့ ၊သာသနာ ၂၅၀၀ တောင်ကုန်းနှင့်ဘုန်းကြီးကျောင်းကိုပါ စစ်လေယာဉ်ဖြင့် ဗုံးကျဲသွားကြောင်း လားရှိုးအခြေစိုက် ဒေသသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် လေကြောင်းကင်းထောက် NAS ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၈ မိနစ်အချိန် လားရှိုးမြို့ ၊ရပ်ကွက် ၁၁ ၊အောင်စေတနာလမ်းအတွင်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသွားခဲ့ကြောင်း၊ ထိခိုက်သူမရှိသော်လည်း နေအိမ်တချို့ပျက်စီးကြောင်း သိရှိရသည်။

“အောင်စေတနာလမ်းထဲက အိမ်ရှေ့ကျတယ်။ လူအထိအခိုက်မရှိပါဘူး။ အဲဒီအိမ်က အရင်တစ်ခေါက်ကလည်း ကျထားတဲ့အိမ်ပါ။ လူအထိအခိုက်မရှိပါဘူး” ဟု လားရှိုးအခြေစိုက် ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၄ မိနစ်အချိန် လားရှိုးမြို့သို့ ဒုတိယအကြိမ် စစ်လေယာဉ်များဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုသည် နေရာအတိအကျ မသိရှိရသေးဟု လားရှိုးသတင်းရင်းမြစ်က ပြောဆိုသည်။

လေကြောင်းကင်းထောက် NAS က ယနေ့ မွန်းလွဲ ၂ နာရီ ၃၄ မိနစ် လားရှိုးမြို့သို့ ဗုံးကျဲမှုမှာ လာရှိုးမြို့ ​သာသနာ ၂၅၀၀ ဘုရားကုန်း​ပေါ် ​သို့ ပေါင် ၅၀၀ ဗုံး ကျဲချခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

MNDAA ကမူ ယနေ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်တွင် ပြည်သူတစ်ဦး ဒဏ်ရာရခဲ့ပြီး ဘုရားကျောင်းများနှင့် လမ်းဘေးရှိ လျှပ်စစ်ဓာတ်ကြိုးကဲ့သို့ အများပြည်သူပိုင် အဆောက်အဦ အများအပြား ပျက်စီးစေခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ပြီး လားရှိုးမြို့ ကို စစ်ကောင်စီ‌၏ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၀ ကျော်လာပြီဖြစ်ကြောင်း၊ ရှမ်းပြည် နယ်မြောက်ပိုင်းတွင် ​MNDAA က သိမ်းပိုက်ထားသော နယ်မြေများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချတိုက်ခိုက်လျက်ရှိရာ ၃ လကျော် အတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ၁၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article