ရန်ကုန်၊ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက် မီးရှို့ဖျက်ဆီးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စစ်တပ်က ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာသို့ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ကျေး ရွာအတွင်းသို့ ဝင်ရောက်တပ်စွဲကာ ပြည်သူ့နေအိမ်များကို မီးရှို့လျက်ရှိကြောင်း သိရှိရသည်။
“အင်းတဲရွာကနေ ကျမတို့ရွာဘက်ကို စစ်ကြာင်းထိုးလာတယ်။ ရွာထဲမဝင်ခင်မှာ လက်နက်ကြီး ၊ လက်နက်ငယ်တွေ ပစ်ဝင်လာတယ်။ ရွာကလူတွေကတော့ ဘုတလင်မြို့က နေ စထွက်လာကတည်းက အကုန် ကြိုရှောင်နေလို့ အထိအခိုက်မရှိခဲ့ဘူး။ တိုက်ပွဲဖြစ်လို့ မီးရှို့တာမဟုတ်ဘူး။ အကြောင်းမဲ့ကို မီးရှို့နေတာ။ ရွာမီးရှို့နေတာကို အပြင် အဝေးကနေပဲ ကြည့် နေရတာ။ အခုထိ ရွာထဲက မထွက် သေးဘူး” ဟု အင်းတဲကျေးရွာမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိ အင်းတဲကျေးရွာကို မီးရှို့နေသည့် စစ်တပ်စစ်ကြောင်းမှာ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး စစ်ကြောင်းထိုးနေကာ ဒေသပြည်သူ ထောင်ချီ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြာင်း သိရှိရသည်။
ဓာတ်ပုံ – စစ်တပ်က မီးရှို့နေသော ကျေးရွာတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar