26 C
Yangon

ကြို့ပင်ကောက်တွင် စစ်ကြောင်း ထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကြောင်း ထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်း ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများသည် သင်္ခရိုင်ကျေးရွာ အနီးကို ရောက်ရှိလာစဉ် ဒေသတွင်း PDF တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်း ကျေးရွာတွေကို အောက်တိုဘာလ ၂၄ ရက်နေ့တည်းက စစ်ကြောင်းထိုးနေတာ စစ်ခွေးစစ်ကြောင်းက သင်္ခရိုင်ကျေးရွာ အနီးကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁ဝ နာရီခန့်မှာ ရောက်ရှိလာတဲ့ အချိန် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး စစ်ခွေး ၇ ကောင်သေတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈ဝ၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျား တပ်ဖွဲ့ ၊ တပ်ရင်း ၃၈ဝ၁ တပ်ခွဲ (၃) နတ်စစ်သည် တပ်ဖွဲ့ ၊ BTZM, GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တို့မှ စစ်ရေး မဟာမိတ် စစ်ဆင်ရေးဖော်ဆောင်၍ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article