32 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း ဥပဒေနဲ့ လူငယ်တွေကို စစ်တပ်ထဲ အတင်းဆွဲခေါ်သည့် တိုင်အောင် အရေအတွက်သာရှိပြီး အရည်အချင်းမရှိတဲ့အပြင် ၊ ပြည်သူထောက်ခံမှုပါ မရှိတာကြောင့် တိုက်ပွဲတိုင်း စစ်ကောင်စီတပ်က ရှုံးနိမ့်နေရပြီလို့ CDM ဗိုလ်မှူးအောင်မျိုးသွင်နဲ့ အရာရှိတွေကပြော လိုက်ပြီး ၊ လက်ရှိ စစ်ဗိုလ်ချုပ်တစ်စု ကောင်းစားရေး အတွက် အောက်ခြေ အရာရှိနဲ့ စစ်သည်တွေ အားလုံး အသက် မစွန့်ကြဘဲ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ကိုပါ CDM ဗိုလ်မှူးတွေက တိုက်တွန်းထား ပါတယ်။
  • ရန်ကုန်မြို့က လှိုင်သာယာမြို့နယ်မှာ တရုတ်ကျားဖြန့် အွန်လိုင်း ငွေလိမ် လုပ်ငန်းတွေကို လာဘ်ငွေယူပြီး ခွင့်ပြုမှုကြောင့် အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၁ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မင်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ခိုင်မင်းကို၊ ဗိုလ်မှူးကြည်သာဇော် နဲ့ ရဲမှူး ဇော်မင်းအောင် အပါအဝင် မြို့နယ်ဌာနဆိုင်ရာ အရာရှိတွေ စစ်ဆေးခံနေရ တယ်လို့ လှိုင်သာယာဒေသသတင်းရင်းမြစ် ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရမှုရဲ့ လက်သည်တရားခံကို မဖော်နိုင်တဲ့ အကြမ်းဖက် စစ်ကောင်စီက ရန်ကုန်မြို့က တရုတ်သံရုံးပတ်ဝန်းကျင်မှာ ရဲကင်းအသစ်တွေ သွားဆောက်ပြီး လုံခြုံရေးပါ တိုးမြှင့်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article