33 C
Yangon

ကြို့ပင်ကောက်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကိုဖမ်းဆီး သတ်ဖြတ်ပြီး ပြည်သူ ၂၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးထား၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ၍ စားနိပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကိုဖမ်းဆီး သတ်ဖြတ်ပြီး ကျေးရွာ ၃ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ၍ စားနိပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ပြီး ဇီးကုန်းမြို့နယ်မှ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာများအတွင်း တပ်စွဲ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လိုက်လံပစ်ခတ်နေ၍ ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဥယျာဉ်ကြီးရွာကို ဝင်ရောက်စီးနင်းစဉ် ကျေးရွာနေပြည်သူ စိတ်ရောဂါ ခံစားနေရသည့် အသက် ၂၂ နှစ်အရွယ် ကိုဝင်းဦးသာကို ပစ်ခတ် ပစ်ခတ်ခဲ့ကြောင်း၊ ရုံချောင်းရွာကိုလည်း အကြမ်းဖက် စစ်တပ် ဝင်ရောက်စီးနင်းစဉ် ကျေးရွာအတွင်းမှ စစ်ဘေးတိမ်းရှောင်ရန် ပြင်ဆင်နေသည့် အသက် ၁၇ နှစ်အရွယ် အမျိုးသား ၁ ဦးကိုထပ်မံပစ်သတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ပြည်သူများကို လိုက်လံဖမ်းဆီးခဲ့ပြီး ကျေးရွာပေါင်းစုံမှ ပြည်သူ ၂၀ ဦးခန့် ဖမ်းဆီးခံထားရပြီး လက်ရှိချိန်ထိ ဖမ်းဆီးထားကာ လူသား ဒိုင်းအဖြစ် လုပ်ဆောင်ထားကြောင်း သိရှိရသည်။

“စစ်ခွေး သတ်ဖြတ်သွားတာကတော့ ကျန်တော်တို့ အတည်ပြုနိုင်တာ ၂ ဦးပေါ့။ အရေအတွက် ပိုများနိုင်ပါတယ်။ နယ်မြေရှင်းလင်းရေးလည်း မလုပ်ရသေးတော့ အတိအကျ အတည်ပြုနိုင်ဖို့ခက်နေတယ်။ နောက်ပြီး စစ်ခွေးစစ်ကြောင်း ဝင်ရောက်လာချိန် ကျစွာဘုရား ဓမ္မာရုံမှာ စစ်ရှောင်နေတဲ့ အသက်ကြီးပိုင်းတွေနဲ့ ပြည်သူတွေ စုစုပေါင်း ၂၀ ဦးလောက် ဖမ်းခံရတယ်။ ဇီကုန်းမြို့နယ်ဘောဘင်ရွာကို စစ်ခွေးတွေ ပြန်ဆုတ်နေတယ်လို့ သိထားရတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းအားလုံး ပြန်လည် ဆုတ်ခွာခြင်းမရှိသေး၍ ကျေးရွာ ၅ ရွာမှ ပြည်သူများဆက်လက် တိမ်းရှောင်နေရပြီး စားနိပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက

အောက်တိုဘာလ ၂၈ ရက်နေ့ ည ၆ နာရီ ကျော်ခန့်တွင် အေးရွာလေးရွာကို ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းတွင် ဇီးကုန်းမြို့နယ် သရက်ပင်အိုင်တံတား၌ အင်အား ၁၀၀ ကျော်ဖြင့် ညအိပ်တပ်စွဲခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article