30 C
Yangon

အကြမ်းဖက် မြန်မာစစ်အုပ်စုအပေါ် နိုင်ငံတကာက ပိုမိုထိရောက်သော အရေးယူမှုများ ဖြစ်လာရန် ကုလသမဂ္ဂစုံစမ်းစစ်ဆေးအရာရှိ Mr. Tom Andrew တောင်းဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

အကြမ်းဖက် မြန်မာစစ်အုပ်စုအပေါ် နိုင်ငံတကာက ပိုမိုထိရောက်သော အရေးယူမှုများ ဖြစ်လာရန် ကုလသမဂ္ဂစုံစမ်းစစ်ဆေးအရာရှိ Mr. Tom Andrew တောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၃၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပသည့် Action Day For Burma/Myanmar အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း တောင်းဆိုသွားခြင်းဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစီရင်ခံစာတင်သွင်းခဲ့သည့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအရာရှိ Mr. Tom Andrew က ၎င်း၏နောက်ဆုံးအစီရင်ခံစာနှင့်မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ အကြမ်းဖက် စစ်အုပ်စုအပေါ် နိုင်ငံ တကာအနေဖြင့် ယခုထက် ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဖြစ် လာရန် ပြောဆိုသည်။

အဆိုပါ အခမ်းအနားသို့ NUG အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးများ တက်ရောက်ခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက လက်ရှိမြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ နိုင်ငံတကာရာဇဝတ်မှုအခြေအနေများ၊ ကုလသမဂ္ဂနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများနှေးကွေးနေမှုအပေါ် ယခုထက် ပိုမိုပြင်းထန်ထိရောက်သည့် လုပ်ဆောင်ချက်များကို မြန်မာပြည်သူများက မျှော်လင့်နေကြောင်း၊ နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ မည်သည့်လှည့်ကွက်ကိုမှ မယုံကြည်ဘဲ အမြန်ဆုံးထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်နိုင်ရန် ပြောဆိုသည်။

ယင်းအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလ သမဂ္ဂ ဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာတို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ဒေါ်ဝေဝေနု (Women’s Peace Network) နှင့် Mr. Gum San Nsang (Kachin Alliance) တို့က အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ရေးလိုအပ်ကြောင်း၊ တရားမျှတမှုရရှိရေးအ တွက် အားလုံးလက်တွဲကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article