26 C
Yangon

ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး၊ အမ်းမြို့နယ်တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲသောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိသူများ တိုးလာနိုင်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၃ နာရီ ၂၈ မိနစ်အချိန်မှစတင်၍ စစ်ကောင်စီ၏ တိုက်လေယာဉ်များက ဗုံးများ အဆက်မပြတ်ကျဲချခဲ့ကြောင်း၊ ဗုံးပေါင်း ၁၀ လုံးကျော်ထက်မနည်း လေယာဉ်ဖြင့် ကျဲချခဲ့ပြီး ကွတ်ခိုင်မြို့ ရပ်ကွက် ၃ ၊ အခွန်ရုံး၊ ဆေးရုံ၊ မီးသတ်ရုံးနှင့် အေးရှားဝေါရုံးများအနီးပတ်ဝန်းကျင်တွင် ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အခွန်ရုံးအနီး လေကြောင်းဖြင့် ကျဲချသော ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဒီမနက် ၃ နာရီကျော်ကစပြီး ကွတ်ခိုင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးတွေ ကျဲချတာ။ ၁၀ လုံးကျော်ရှိမယ်။ အခွန်ရုံးနားမှာ ပြည်သူ ၁ ဦးသေဆုံးတယ်။ သေဆုံးထိခိုက်စာရင်း တက်လာနိုင်တယ်” ဟု ကွတ်ခိုင်ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

အလားတူ ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁ နာရီ ၂၃ မိနစ်မှစတင်ပြီး စစ်ကောင်စီ၏ လေယာဉ်များက လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ အမ်းမြို့တွင် အနောက်ပိုင်းစစ်ဌာနချုပ်ကို AA က ပတ်လည် ပိတ်ဆို့ ဝန်းရံပြီး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article