27 C
Yangon

အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AA သိမ်းပိုက်ရရှိ

Must read

အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AA သိမ်းပိုက်ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AAက သိမ်းပိုက်ရရှိထားကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AAက သိမ်းပိုက်ရရှိပြီးနောက် လက်ကျန် စခန်းများနှင့် နပခ ဌာနချုပ်ဝန်းကျင်ရှိ စခန်းများကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သိရှီရသည်။

ထို့ပြင် မောင်တောရှိ နောက်ဆုံးလက်ကျန် စစ်တပ်စခန်းဖြစ်သော နခခ ၅ ကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း၊ ဂွမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း ၊ တောင်ကုတ်မြို့နယ်တွင်လည်း အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ပြီး စစ်စခန်းများကို စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရှိရသည်။

“တောင်ကုတ်မှာ အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ စခန်းသိမ်းတိုက်ပွဲတွေ စတင်ပါတယ်။အမ်းဘက်မှာလည်း စခန်းတွေ သိမ်းပိုက်ရရှိထားပြီး လက်ကျန်စခန်းကို သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်တောအဓိက နေရာ ၄ နေရာတို့ ဖြစ်ပွားလျက်ရှိပါတယ်။​ ဂွ ဘက်မှာကတော့ ဂွမြို့နယ်၊ တိုင်းကျိုးရွာ အရှေ့ဘက်မှာ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်နေပါတယ်။ နေရာတိုင်းတွင် ရန်သူ့ဘက်က လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများပါတယ်။ ဂွဖက်တွင် ရန်သူ အင်အား တိုးချဲ့နေပြီးတော့ စစ်ကူတွေ ထပ်ပို့နေပါတယ်” ဟု AA ၏ ပြော ရေးဆိုခွင့်ရှိသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော AA အနေဖြင့် ရခိုင်ပြည်နယ်တွင် ၁၁ မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်စခန်းအများအပြား သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article