33 C
Yangon

ချီဖွေမြို့နယ်၊ လဂွေကျေးရွာရှိ ပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA၊ PDF ပူးပေါင်းတပ်များက သိမ်း ပိုက်ရရှိ

Must read

ချီဖွေမြို့နယ်၊ လဂွေကျေးရွာရှိ ပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA၊ PDF ပူးပေါင်းတပ်များက သိမ်း ပိုက်ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ လဂွေကျေးရွာရှိ ပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA၊ PDF ပူးပေါင်းတပ် များက တိုက်ခိုက်သိမ်း ပိုက်ရရှိကြောင်း KIA သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် ချီဖွေမြို့ နယ်၊ လဂွေကျေးရွာရှိ ပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA၊ PDF ပူးပေါင်းတပ် များက တိုက်ခိုက်သိမ်း ပိုက်ရရှိကြောင်း၊ အများစုသော ပြည်သူ့စစ်နှင့်စစ်သားများမှာ စခန်းစွန့်ခွာ ထွက်ပြေးကြကြောင်း သိရှိရသည်။

KIA က ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီးနောက် ချီဖွေမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ပြည်သူ့စစ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်သည်။

KIA က အောက်တိုဘာလ ၁၄ ရက်နေ့ တွင် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း ၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် နောက်ဆုံး လက်ကျန်တပ်စခန်းဖြစ်သော အမှတ် ၁၀၁၁ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်း ပိုက် လိုက်ရာ လက်ရှိတွင် ဇခုန်တန့်ယိန်း၏ NDAK လက်အောက်ခံ BGF နယ်ခြားစောင့် တပ်ရင်းဌာနချုပ်တပ်စခန်းများအားလုံးကို KIA က ထိန်းချုပ် သိမ်းပိုက်လိုက်ပြီဖြစ်သည်။

ထို့ပြင် ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း ၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်မြို့ ဖီမော်မြို့နှင့် ကန်ပိုက်တီးမြို့တို့ကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် KIA က ကချင်အလံတော်ကို လွှင့်ထူထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article