33 C
Yangon

မုံရွာမြို့နယ်ရှိ သာစည်ရဲကင်းသို့ အင်အားဖြည့်လာသော စစ်ကူတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်တိုင်း မုံရွာမြို့နယ်ရှိ သာစည်ရဲကင်းကို အင်အားထပ်ဖြည့်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားနှင့် ပျူစောထီး များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူက ရန်ကုန်ေခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် မုံရွာခရိုင် အရာတော် သစ်ကျင်းကြီးမှ ထွက်လာသည့် အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်သားနှင့် ပျူစောထီး ပူးပေါင်း ၁၃၀ ဝန်းကျင်ကို မုံရွာမြို့နယ် သာစည် ကျေးရွာ ရဲကင်းသို့ အရောက်တွင် ၆၀ မမ အစစ် ၃ လုံး ၊ လက်လုပ် ၃ လုံး စုပေါင်း ၆ လုံး ဖြင့် ရဲကင်းအတွင်း ကို ပစ်ထည့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“သေဆုံးမှု ရှိနိုင်ပါတယ်။ ဘာလို့လဲ ဆိုရင် ရဲကင်းက ကျဉ်းလည်း ကျဉ်းသလို ကျရောက်ပေါက်ကွဲပြီး အနည်းငယ်ကြာမှ သူတို့ ရမ်းပစ်နိုင်တာပါ။ ခါတိုင်းက သူတို့ကို ပစ်တာနဲ့ တန်းပြီး ပြန်ပစ်လေ့ရှိပါတယ်”ဟု Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူက ရန်ကုန်ေခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီဘက်က တော်လှန်ရေးတပ်ဖွဲ့များထံသို့ ၆၀ မမ လက်နက်ကြီး ပထမ တစ်လုံး ကျရောက်ပေါက်ကွဲပြီး ၅ မိနစ်ဝန်းကျင်ကြာမှသာ လက်နက်ငယ် များဖြင့် ပြန်လည် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်ခဲ့မှုကို Snipe Rangers Force (Local – PDF) ၊ Hero Brother Monywa (Local – PDF) ၊ BLACK DRAGON Monywa(Local – PDF) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article