34 C
Yangon

ရေတာရှည်၊ အိုးမြေတူးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အိုးမြေတူးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း နေပြည်တော် ၈၀၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ရွာသစ်ကျေးရွာတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်သား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် အိုးမြေတူးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီ တပ်သားများကို ည ၁၂ နာရီခန့်တွင် စက်လှေ ၂ စီးဖြင့် သယ်ဆောင်သွားကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာအတွင်းကို ဝင်ရောက်၍ အရပ်သားပြည်သူများကိုဖမ်းဆီးရိုက်နှက်ပြီး ပြည်သူပိုင်ပစ္စည်းများကို နွားလှည်းများဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“တိုက်ပွဲမှာတော့ စစ်ခွေး ၉ ကောင်သေတယ်။ ၁၁ ကောင်ဒဏ်ရာရတယ်။ ကျန်တော့် ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရလို့ ပြန်ဆုတ်ပေးလိုက်ရတယ်။ ခွေးတွေက ရွာထဲဝင်ပြီး ပြည်သူတွေကို ရိုက်နှက် ဖမ်းဆီးတာတွေလုပ်ပြီး နေအိမ်ထဲမှ တန်ဖိုးကြီးပစ္စည်းတွေ အကုန်လုံးကို နွားလှည်းနဲ့ သယ်သွားတယ်” ဟု နေပြည်တော် ၈၀၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရွာသစ်ကျေးရွာတွင် အတွင်း၌ တပ်စွဲထားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article