28 C
Yangon

ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွာမည့် ပြည်သူများနှင့်လူငယ်များကို စစ်ကောင်စီက တားဆီးငွေညှစ်ဒုက္ခပေးမှုအပေါ် တန်ပြန်သည့်အနေဖြင့် မင်္ဂလာဒုံလေတပ်ကို မစ်ဇိုင်းဒုံးကျည် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပထွက်ခွာရန် ကြိုးစားနေသည့် ပြည်သူများနှင့်လူငယ်များကို စစ်ကောင်စီက တားဆီးငွေညှစ်ဒုက္ခပေးနေမှုများ အပေါ် တန်ပြန်သည့်အနေဖြင့် မင်္ဂလာဒုံလေတပ်ကို မစ်ဇိုင်းဒုံးကျည် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SHADOW SAF အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် မင်္ဂလာဒုံ မြိုနယ် ရှိ အကြမ်းဖက်စစ်ကောင်စီ ၏ လေကြောင်းရန်ကာကွယ်ရေးတပ် နှင့် လေတပ်ဝင်းအတွင်း သို့ အဆင့်မြင့်တင်ထားသော မစ်ဇိုင်း ဒုံးကျည် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုမှာ

စစ် ကောင် စီနှင့် လက်အောက်ခံများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အ‌ခြေပြုလျက် တိုင်းရင်းသား ပြည်သူလူထုအား နည်းမျိုးစုံ ဖြင့် ဒုက္ခပေး လျက်ရှိကြာင်း၊ စစ်ကောင်စီ၏ ဘက်ပေါင်းစုံမှ ဒုက္ခပေးနေမှု များကို မခံနိုင်သဖြင့် ပြည်ပသို ထွက်ခွာရန်ကြိုးစားလျက်ရှိကြသော တိုင်းရင်းသားပြည်သူလူထု နှင့် လူငယ်များကို နည်းမျိုးစုံဖြင့် ငွေညစ်ခြင်း၊ MAI နှင့် အခြားသော လေကြောင်းလိုင်းများမှ လတ်မှတ် ကို လေယာဉ်ဆန့်သည် ထက် လက်မှတ်များ ပိုရောင်းထားပြီး လေဆိပ်တွင် ပြည်ပထွက်ခွင့်မပေးဘဲ နည်းမျိုးစုံဖြင့် ညစ်ပတ် အိမ်ပြန်ခိုင်းများကို စစ်ကောင်စီက တောက်လျှောက် လုပ်ဆောင်နေကြောင်း၊ ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ နှင့် ဒေါက်တိုင်စီးပွားရေးသမားများ ပူးပေါင်း ကာ နည်းလမ်းမျိုးစုံဖြင့် ငွေကြေး လိမ်လည်လျက် ရှိသည်ကို ပြည်သူလူထု၏ တိုင်ကြားမှုများ လက်ခံရရှိထားသည့် အတွက် ယခုကဲ့သို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“လေဆိပ်မှာ လူငယ်တွေကို ပြည်ပထွက်မရအောင် တားဆီးတာ။ ပြည်ပထွက်ချင်ရင် ငွေ သိန်း ၆၀ VIP Service ဆိုပြီး လုပ်စားနေတာ။ MAI အပါ အဝင် လေကြောင်းလိုင်းတွေနဲ့ပေါင်းပြီး ခရီးသည် ၁၀၀ ဆန့်တဲ့ လေယာဉ်မှာ လက်မှတ် ၃၀၀ လောက်ထုတ်ရောင်းပြီး ကျန်တဲ့လူငယ် ခရီးသည်တွေကို အိမ်လှည့်ပြန်ခိုင်းတာ။ လူငယ် ၁၀၀ မှာ ၇၀ လောက်ကို လေဆိပ်ကနေ လှည့်ပြန်ခိုင်းနေတာ။ အဲဒါတွေအတွက် ကျနော်တို့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု SHADOW SAF အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

SHADOW SAF အဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် အားပေးထောက်ခံပံ့ပိုးနေသည့် မည်သည့် အဖွဲ အစည်း ကိုမဆို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၊ ယမန်နေ့ Mission အားနာမည်တပ် အကြောင်းပြပြီး သီးသန့် အလှူငွေကောက်ခံခြင်း လုံးဝ မရှိကြောင်း၊ မိမိတို့ကို ယုံကြည်စွာု ကူညီသော လူပုဂ္ဂိုလ် အဖွဲအစည်း များအားလုံးကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောဆိုသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် လေတပ်အနီးတွင် နေထိုင်ကြသော ပြည်သူအများစုကလည်း ယမန်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် အလွန်ကျယ် လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့် နောက်ဆက်တွဲ ပေါက်ကွဲသံတချို့ကို ကြားခဲ့ရကြောင်း၊ ယင်းနောက် စစ်တပ်နှင့်ရဲများ လမ်းပိတ်စစ်ဆေးခြင်း၊ ဧည့် စာရင်းစစ်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုကြသည်။

ဓာတ်ပုံ – ရန်ကုန်၊ မင်္ဂလာဒုံလေတပ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AFP ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article