25 C
Yangon

သံတောင်ကြီး၊ ကျောက်လုံးကြီးစခန်းရှေ့တွင် မော်တော်ယာဉ်များကို ဆက်ကြေးကောက် နေသော စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျောက်လုံးကြီးစခန်းရှေ့တွင် မော်တော်ယာဉ်များကို ဆက် ကြေးကောက်နေသည့် စစ်တပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း People Defense Force Thandaungမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် သံတောင်ကြီးမြို့နယ်၊ တောင်ငူ-လိပ် သိုလမ်းမပေါ်ရှိ ကျောက်လုံးကြီးစခန်းရှေ့တွင် ခရီးသွားမော်တော်ယာဉ်များထံမှ ဆက်ကြေးကောက် နေသည့် အကြမ်းဖက်စစ်သားများအား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပစ်ခတ်မှုက ၅ မိနစ်လောက်ပဲကြာခဲ့တာပါ။ ထွက်ကောက်တာက ၃ ယောက်ပဲ၊ ကင်းပုန်းထဲမှာ တော့ ၆ ယောက်လောက်ရှိတယ်။ သေဆုံးမှုကို အတည်ပြုနေရလို့ အခုမှ ထုတ်ပြန်လိုက်ရတာပါ။ လက်နက်ကောက်ဖို့က စခန်းနဲ့ကပ်လျက်ဖြစ်လို့ အနားကပ်ဖို့အဆင်မပြေခဲ့ပါဘူး။ လူသေ တိုက်ပွဲ ပဲ ဖော်ဆောင်ခဲ့ရပါတယ်ဗျလူစိတ်မရှိတဲ့ စစ်ခွေးတွေနဲ့ တိုက်နေရတဲ့ပွဲမို့ မိဘပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ကြပါ၊ နားစွင့် မျက်စိဖွင့်နေကြပါ တိုက် တွန်းချင်ပါတယ်။ ” ဟု People Defense Force Thandaung တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင်၊ တပ်မဟာ ၂ ၊တပ်ရင်း ၅ လက်အောက်ခံ People Defense Force Thandaung တပ်ဖွဲ့မှ မဟာမိတ်ရဲဘော်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article