28 C
Yangon

ထိုင်းနိုင်ငံတွင် သန့်ရှင်းမှုမရှိသော ရေခဲမုန့် ထုတ်လုပ်ရောင်းသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် တရားမဝင် စျေးရောင်းသူ မြန်မာ ၁ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် သန့်ရှင်းမှုမရှိသော ရေခဲမုန့် ထုတ်လုပ်ရောင်းသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် တရားမဝင် စျေးရောင်းသူ မြန်မာ ၁ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bang Kadi ဧရိယာ၊ Samae Dam ခရိုင် Bang Khun Thian တွင် သန့်ရှင်းမှုမရှိသော ရေခဲမုန့်ထုတ် လုပ်ရောင်းချနေသော မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးရရှိကြောင်း၊ အဆိုပါ မြန်မာ ၂ ဦးအကြောင်းကို လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့လာရာမှ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသား ၂ ဦးမှာ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ ၁ ဦးမှာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူဖြစ်ကြောင်း၊ အိမ်နှင့်ဆိုင်တွဲထားသော စျေးဆိုင်အနောက်တွင် ရေခဲမုန့်ထုတ်လုပ်ကြပြီး အုန်းနို့၊ နို့ဆီမွှေး၊ ပြောင်းဖူးမှုန့်နှင့် ဆား အစရှိသည့် ပါဝင်ပစ္စည်းများကို အသုံးပြု၍ ရေခဲမုန့်ထုတ်လုပ်ခဲ့ကြောင်း၊ ထို့နောက် ရေခဲမုန့်ကို ဘူးများတွင် ထုပ်ပိုးပြီး အနီးပတ်ဝန်းကျင်တွင် ရောင်းချကြကြောင်း၊ ၎င်းတို့နှစ်ဦးစလုံးကို ဆက်လက်အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၅ ရက်နေ့ ဘန်ကောက်မြို့၊ Bobae စျေးရှိ တရားမဝင် အထည်ဆိုင်များတွင် တရားဝင် အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ အလုပ်လုပ်နေသည့် နိုင်ငံခြားသားများကို ထိုင်းအာဏာပိုင်များက စီးနင်း ရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား ၁ ဦး အပါအဝင် နိုင်ငံခြားသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အသက် ၁၅ နှစ်မှ အသက် ၆၀ နှစ်ကြား လာအိုနိုင်ငံသား ၅ ဦး၊ မြန်မာနိုင်ငံသား ၁ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦးတို့ ကို ဆက်လက် အရေးယူရန် သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – Khaosod ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article