33 C
Yangon

မတ္တရာမြို့နယ်၊ ဟင်္သာကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

မတ္တရာမြို့နယ်၊ ဟင်္သာကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဟင်္သာကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုင်ဝင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ဟင်္သာကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၆၅ နှစ်အရွယ် အဖွားအို ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မတ္ထရာမြို့နယ်၊ ဟင်္သာကုန်းရွာကို စစ်တပ်က ဒီနေ့ ညနေပိုင်းမှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့တယ်။ အသက် ၆၅ နှစ်အရွယ်အဖွားအို ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရရတယ်” ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းကလည်း မတ္တရာမြို့နယ် ကိုးပင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အသက် ၇၀ ၀န်းကျင်ခန့်အရွယ်ရှိ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်အတွင်း ထီးတော်မိုးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၊ မန္ထလေး-ညောင်ကွဲလမ်းပိုင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၊ မင်းကွန်းဘက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၊ ခလရ-၉၅ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် မတ္တရာမြို့ ဘောလုံးကွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article