24 C
Yangon

ကျောက်ကြီးမြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းပျက်စီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁ ကျောင်း ပျက်စီးကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ အချိန် ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ငဖယ်အင်း ကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၇ နှစ်အရွယ် ဦးကျော်မျိုးအေး ထိခိုက်သေဆုံးခဲ့ရကြောင်း၊ ထို့ပြင် ကျေးရွာပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာပိုင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁ ကျောင်းလည်း ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ KNU အုပ်ချုပ်မှုနယ်မြေ ၊ ကျောက်ကြီးမြို့နယ်၊ ပဲသောင်ကျောင်းရွာနှင့် လိန်ပင်ကျေးရွာအကြားသို့ စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် နွား ၁ ကောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက နယ်မြေဆုံးရှုံးများ များပြားလာချိန် ပြည်သူများနေထိုင်သော ကျေးရွာများ၊ စစ်ဘေးရှောင်များ၏ နေရာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လာသဖြင့် ပြည်သူများ သတိပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးချက်များ ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article