26 C
Yangon

သာယာဝတီ အကျဉ်းထောင်တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေး အကျဉ်းသူ ၁၅ ဦးခန့်ကို ၂ နှစ်နီးပါးကြာ အကြောင်းမဲ့ တိုက်ပိတ်ထား

Must read

သာယာဝတီ အကျဉ်းထောင်တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေး အကျဉ်းသူ ၁၅ ဦးခန့်ကို ၂ နှစ်နီးပါးကြာ အကြောင်းမဲ့ တိုက်ပိတ်ထား

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေး အကျဉ်းသူ ၁၅ ဦးခန့်ကို ၂ နှစ်နီးပါးကြာ အကြောင်းမဲ့ တိုက်ပိတ်ထားကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

သာယာဝတီ အကျဉ်းထောင် တိုက် ၅ နှင့် တိုက် ၈ တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်တို့မှ ပြောင်းရွှေ့လာသည့် နိုင်ငံရေး ကျဉ်းသူ ၁၅ ဦးခန့်ကို ပြစ်မှု ကျူးလွန်ထားခြင်းမရှိဘဲ အကြောင်းမဲ့ တိုက်ထဲတွင် ၁ နှစ်နှင့် ၈ လကြာ ပိတ်လှောင်ထားကြောင်း သိရသည်။

အကျဉ်းထောင်များရှိ တိုက်များတွင် ထောင်တွင်း ပြစ်ဒဏ်ကျုးလွန်သူများကို ထားရှိရမည် ဖြစ်သော်လည်း နိုင်ငံရေး အကျဉ်းသူများကို အကြောင်းပြချက်မရှိဘဲ ပိတ်လှောင်ထားသည်မှာ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ချိုးဖောက်သည့်အတွက် သာယာဝတီထောင်ပိုင် ရဲရင့်နိုင် ဦးဆောင်သည့် ထောင်ဝါဒါ ဝန်ထမ်းများအားလုံးသည် ကြီးမားသည့် ရာဇဝတ်မှုကို ကျူးလွန်နေခြင်းဖြစ်ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်က ပြောဆိုသည်။

သာယာဝတီ အကျဉ်းထောင်တိုက် ၅ နှင့် တိုက် ၈ တွင် အပြစ်မရှိဘဲ ပိတ်လှောင်ခံထားရသည့် နိုင်ငံရေး အကျဉ်းသူများက အကျဉ်းတိုက် တာဝန်ခံ ဒေါ်ဝင့်ဝါချို ကို အကျဉ်းအဆောင်များသို့ ပြောင်းရွေ့နေထိုင်ခွင့်ပေးရန်နှင့် အပြစ်မရှိဘဲ ပိတ်လှောင်ခံရခြင်းများကို မေးမြန်းသော်လည်း အကျဉ်းတိုက် ထောင်တာဝန်ခံ ဒေါ်ဝင့်ဝါချိုက တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အမည်ဆိုးဖြင့် ကျော်ကြားသော သာယာဝတီထောင်တွင် ထောင်အရာရှိ ဒေါ်ဝင့်ဝါချို ပြောင်းရွေ့တာဝန်ယူဆောင်ရွက်ခဲ့ပြီး CDM ပြုလုပ်သည့် ဝန်ထမ်းများကို အပြစ်တင်ကဲ့ရဲ့ခြင်း၊ စစ်တပ်ကို အားပေးထောက်ခံခြင်းနှင့် ထောင်အရာရှိ ရာထူးတိုးမြှင့်ခံရခြင်းအတွက် စစ်တပ်က ခိုင်းစေညွှန်ကြားသည့်အတိုင်း ပြုလုပ်သည့် စစ်တပ်၏ လက်ကိုင်တုတ်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် သာယာဝတီအကျဉ်းထောင်၏ အကျဉ်းတိုက်များအတွင်း အဆိပ်ပြင်းသည့် မြွေများ၊ ကင်းခြေများကောင်များ၊ ကင်းမြီးကောက်များ မကြာခဏ ဝင်ရောက်တတ်ပြီး နိုင်ငံရေးအကျဉ်းသူများက ထောင်ဝန်ထမ်းများကို အကူအညီတောင်းခံသော်လည်း သာယာဝတီထောင်အရာရှိ သန်းဝင်း ဦးဆောင်သောအဖွဲ့က ရောက်ရှိလာပြီး မြွေကို မမောင်းထုတ်ခင် နိုင်ငံရေး အကျဉ်းသူ အမျိုးသမီးများကို ပုံစံထိုင်ခိုင်းခြင်းနှင့် အော်ဟစ်ပါက အခန်းတွင်း ဝင်ရောက် ရိုက်နှက် အပြစ်ပေးမည်ဟု ဆဲဆိုကျိန်းမောင်းခြင်းများကို ပြုလုပ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article