32 C
Yangon

သုံးဆယ်မြို့တွင် ခလရ ၃၅ တပ်ရင်းနှင့်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ စစ်မှုထမ်းရန် လူငယ် ၁၀ ဦးကို ပေါ်တာဆွဲဖမ်းဆီး၊ ပြန်လည် လွတ်မြောက်လိုပါက လူငယ် ၁ ဦးလျှင် သိန်း ၆၀ ဖြင့် ရွေးယူခိုင်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့တွင် ခလရ ၃၅ တပ်ရင်းနှင့်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ စစ်မှုထမ်းရန် လူငယ် ၁၀ ဦးကို ပေါ်တာဆွဲဖမ်းဆီးနေပြီး ပြန်လည် လွတ်မြောက်လိုပါက လူငယ် ၁ ဦးလျှင် သိန်း ၆၀ ဖြင့် ရွေးယူခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့၊ ဝါးကပ်တန်းရပ်ကွက်ကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ဧည့်စာရင်းဟုဆိုကာ ဝင်ရောက် စစ်ဆေးပြီး မောင်ဇွဲ ဆိုသည့် လူငယ်တစ်ဦးကို ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးရာတွင် ဝါးတန်းကပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး စံထွန်း၊ ရဲနှင့် စစ်သားများ၊ သုံးဆယ်မြို့မှ စစ်တပ်သတင်းပေး အငယ်လေးတို့ ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းကလည်း ဧည့်စာရင်းဟုဆိုကာ ဝင်ရောက်စစ်ဆေးပြီး ဝါးကပ်တန်းရပ်ကွက်မှာ ဒေါ်မိမာ၏ သား မောင်ရှိုင်းဆိုသူလည်း ဖမ်းဆီးခဲ့ကြောင်း၊ လတ်တလော ဖမ်းဆီးထားသော လူငယ် စုစုပေါင်း ၁၀ ဦးရှိပြီး အမှတ် ၃၅ ခြေလျင်တပ်ရင်းတွင် ဖမ်းဆီးထားကြောင်း၊ ပြန်လည် လွတ်မြောက်လိုပါက လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၆၀ ဖြင့် ရွေးခိုင်းနေကြောင်း သိရှိရသည်။

“လူငယ် ၁ ဦးကို သိန်း ၆၀ ပေး ရင်တော့လွှတ်‌ပေးမယ်တဲ့။ အဓိက ဧည့်စာရင်းစစ်ပြီး ပေါ်တာဆွဲတာကတော့ သုံးဆယ် မြို့အပိုင် သတင်းပေး အငယ် လေးနဲ့ဝါးကပ်တန်း လူကြီးစံထွန်း၊ ရဲနဲ့ စစ်သား 10ယောက်လောက်က ဧည့်စာရင်း စစ်တယ်ဆိုပြီး လူငယ်တွေကို ဖမ်းဆီးသွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လတ်တလော သာယာ၀တီမြို့ပေါ်တွင် စစ်တပ်နှင့်ရဲများက ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေပြီး လူငယ်များမှာ နီးစပ်ရာ ကျေးရွာများနှင့် ရန်ကုန်သို့ ထွက်ပြေး တိမ်းရှောင်မှုများ အလွန်များပြားလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်မှုထမ်းစုဆောင်းခံရသည့် လူငယ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article