ရန်ကုန်၊ နိုဝင်ဘာ ၁၂
မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာ လမ်းပိုင်းရှိ ရုံးစည်ကြီး တိုက်နယ်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောဆိုသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) အဖြစ် တောင်သာ-မိတ္ထီလာ လမ်းပိုင်းရှိ ရုံးစည်ကြီး တိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ဝိုင်းဝန်း ပိတ်ဆို့၍ အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်း တိုက်ပွဲအတွင်း ရဲ ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များက ရဲစခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်အတူ Myingyan Distric Drone Strike၊ နေပြည်တော်၈၀၁ တပ်ရင်း၊ မိတ္ထီလာပကဖ၊ စဥ့်ကိုင်ပကဖ၊ ကျောက်ပန်းတောင်း ပကဖ၊ တောင်သာ ပလဖ၊ ညောင်ဦးခရိုင်တပ်ရင်း ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
Photo- MDDS
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar