24 C
Yangon

လက်ပံတန်း၊ ညောင်ပင်ဇင်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ညောင်ပင်ဇင်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ညောင်ပင်ဇင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ရုတ်တရက် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ ဖမ်းဆီးခံရမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ပြည်သူတွေ ဖမ်းဆီးခံရတာရှိမရှိတော့ မသိရသေးဘူး။ ရုတ်တရက်ကြီး ဝင်ရောက်စီးနင်းမီးရှို့တာ ဘာတိုက်ပွဲမှလည်း ဖြစ်ပွားတာမရှိဘူး။ ကျန်တော်တို့ ရွာထဲရောက်တဲ့ အချိန် စစ်ခွေးတွေမရှိတော့ဘူး။ အကုန်ပြန်ဆုတ်သွားပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံးကို စစ်ခွေးတွေ မီးရှို့ဖျက်ဆီးသွားတယ်။ နယ်မြေရှင်းလင်းရေးတွေ ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်နေတယ်” ဟု ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက်စီးနင်းခဲ့သည့် ကျေးရွာအနီးတဝိုက်ကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လက်ပံတန်း) ၊ ဂဠုန်တပ်ဖွဲ့ ၊ သာယာဝတီ၊ ၃၈၀၂ ၊ ခွဲ (၂) ၊ (၃) တို့က ပူးပေါင်း၍ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article