28 C
Yangon

ဒီပဲယင်းနှင့် ရေဦးရှိ စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော် အနွေးထည်နှင့် ခြုံစောင်များ လိုအပ်နေပြီး အအေးဒဏ်ကြောင့် အသက်အရွယ် ကြီးရင့်သူများ ဖျားနာနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော် အနွေးထည်နှင့် ခြုံစောင်များ လိုအပ်နေပြီး အအေးဒဏ်ကြောင့် အသက်အရွယ် ကြီးရင့်သူများ ဖျားနာနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ဒီပဲယင်းနှင့် ရေဦးမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာနေပြည်သူများသည် ရွာထဲ၌ တဲအိမ်များ ပြန်လည်ဆောက်လုပ်၍ နေထိုင်နေရကြောင်း၊ တချို့ ကျေးရွာများရှိ ပြန်လည်ဆောက်လုပ်ထားသော တဲအိမ်များကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာတွင် ဆက်လက် ခိုလှုံနေရဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဦးနှင့် ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးခြင်းမရှိသော်လည်း စစ်ကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသည့်နေရာများတွင် တောတိုက်များ ဇရပ်များ ဆောက်၍ ခိုလှုံနေကြရပြီး ဆောင်းတွင်းအအေးဒဏ်ကြောင့် အသပ်အရွယ်အကြီးရင့်သူများနှင့် ကလေးငယ်များအတွက် အနွေးထည်နှင့် ခြုံစောင်များ လိုအပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒီပဲယင်းမြို့ထဲမှ စစ်ဘေးရှောင် ပြည်သူများသည် ၄ လ နီးပါးကြာ နေရပ် မပြန်နိုင်သေးဘဲ ဆက်လက် တိမ်းရှောင်နေရပြီး ရေဦးမြို့နယ်တွင်လည်း လက်ရှိချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေရသူများ ရှိသေးကြောင်း သိရသည်။

“ရေဦးနယ်အတွင်းမှာ မီးလောင်ပြာကျခံထားရတဲ့ ကျေးရွာပေါင်း ၅၀ ကျော်ရှိတယ်။ ဒီရွာတွေထဲက အဘိုးအဖွားတွေဆိုရင် မီးထဲပါထားကြတော့ ခြုံစောင်တွေ လောက်ငှအောင် မရှိကြဘူး။ ဒီနှစ်ဆောင်းတွင်းကာလမှာ အခုလို မီးဘေးသင့် အဘိုးအဖွားများကို ကောက်ခံရရှိသလောက် တဆင့်ပြန်လည်ကူညီပေးသွားဖို့ရှိပါတယ်။ နေအိမ်တွေကို မီးရှို့လိုက်လို့ ဖြစ်သလိုပြန်ဆောက် တဲထိုးနေကြရတာပါ။ မီးထဲအကုန်ပါထားကြတော့ အဘိုးအဖွားအများစုက ခြုံစောင်တွေ အနွေးအင်္ကျီတွေ သိပ်မရှိကြတော့တဲ့အတွက် အကူညီတောင်းခြင်းပါ။ စစ်​ခွေးတွေထပ်ဝင်ရင် ထပ်ရှို့မှာတွေ ကြောက်ကြတာရောကြောင့် ယာယီနေထိုင်ဖို့လောက်သာ ဖြစ်သလိုတဲထိုးနေထိုင်နေကြရတာပေါ့။ အဘိုးအဖွားတွေကို ဦးစားပေးပြီး ကူညီပေးသွားမယ်လို့ စဥ်းစားထားပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော် အနွေးထည်နှင့် ခြုံစောင်များ လိုအပ်နေပြီး အအေးဒဏ်ကြောင့် အသက်အရွယ် ကြီးရင့်သူများ ဖျားနာနေခြင်းများလည်း ရှိကြောင်း သိရသည်။

အနွေးထည်နှင့် ခြုံစောင်များ လှူဒါန်းလိုသော ပြည်သူများ အနေဖြင့် t.me/htookhantzaw5 နှင့် t.me/generationz122021 တယ်လီဂရမ်ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article