32 C
Yangon

ရခိုင်ပြည်တွင် ၁ နှစ်အတွင်း တံတား ၂၈ စင်း၊ ဆေးရုံ ၁၂ ခု၊ စာသင်ကျောင်း ၃၀ ၊ ဘုန်းကြီးကျောင်း ၇၀ အပါအဝင် အများပြည်သူပိုင် အဆောက်အအုံ ၂၀၀ နီးပါးကို စစ်ကောင်စီက ဖျက်ဆီးခဲ့

Must read

ရခိုင်ပြည်တွင် ၁ နှစ်အတွင်း တံတား ၂၈ စင်း၊ ဆေးရုံ ၁၂ ခု၊ စာသင်ကျောင်း ၃၀ ၊ ဘုန်းကြီးကျောင်း ၇၀ အပါအဝင် အများပြည်သူပိုင် အဆောက်အအုံ ၂၀၀ နီးပါးကို စစ်ကောင်စီက ဖျက်ဆီးခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်တွင် ၁ နှစ်အတွင်း တံတား ၂၈ စင်း၊ ဆေးရုံ ၁၂ ခု၊ စာသင်ကျောင်း ၃၀ ၊ ဘုန်းကြီးကျောင်း ၇၀ အပါအဝင် အများပြည်သူပိုင် အဆောက်အအုံ ၂၀၀ နီးပါးကို အကြမ်းဖက် စစ်ကောင်စီက ဖျက်ဆီးခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ၁ နှစ်တာကာလအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီတပ်က အများပြည်သူအသုံးပြုရာ အဓိက အရေးကြီးဆက်သွယ်ရေးတံတား ၂၈ စင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးသွားကြောင်း ၊ အများပြည်သူ အသုံးပြုသော တံတားများကို စစ်တပ်က မိုင်းခွဲဖျက်ဆီးခြင်း၊ လက်နက်ကြီးပစ်ခတ် ဖျက်ဆီးခြင်းနှင့် လေကြောင်းတိုက်ခိုက်ပြီး ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် အဆိုပါ တံတားများမှာ အများပြည်သူအသုံးပြု၍ လုံးဝ မရရှိတော့ကြောင်း၊ ဖျက်ဆီးခံရသော တံတားများမှာ မောင်တောမြို့နယ်တွင် တံတား ၉ စင်း၊ သံတွဲမြို့နယ်တွင် တံတား ၇ စင်း၊ တောင်ကုတ်မြို့နယ်တွင် တံတား ၅ စင်း၊ ဘူးသီးတောင်မြို့နယ်တွင် တံတား ၂ စင်း၊ စစ်တွေတွင် မင်းချောင်းတံတား၊ ကျောက်တော်တွင် ကစ္ဆပနီဒီတံတား၊ မအီမြို့တွင် ကျောက်ကြီးပေါက်ချောင်းတံတား၊ ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်း စေတီပြင်တံတားနှင့် ဂွမြို့နယ်က ကုလားပြင်တံတားတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားပိုင် နေအိမ်များနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံ စုစုပေါင်း ၁၅၃ ခု ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။

ပျက်စီးဆုံးရှုံးသွားသော အဆောက်အအုံများမှာ ဆေးရုံ ၁၂ လုံး၊ စာသင်ကျောင်း ၃၀ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၇၀ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ ဗလီ ၂ လုံး၊ ဈေး ၂၁ ခုနှင့် ဌာနဆိုင်ရာအဆောက်အအုံ ၁၇ ခုတို့ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article