30 C
Yangon

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တအိမ်တည်းကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး အသက် ၁၄ နှစ်အရွယ် မောင်ဝေလျှံထက် တစ်ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တအိမ်တည်းကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး အသက် ၁၄ နှစ်အရွယ် မောင်ဝေလျှံထက် တစ်ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန် စစ်ကိုင်းမြို့နယ် အခြေစိုက် အမှတ် ၁၆ ရဲတပ်ရင်းက ၈၁ မမ လက်နက်ကြီး ၃ လုံးဖြင့် ပြည်သူများ နေထိုင်သော ကျေးရွာများသို့ ဦးတည်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်သည် တအိမ်တည်းကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် မောင်ဝေလျှံထက်သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ် ချက်ရှိရှိ ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တအိမ်တည်းကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အရွယ် မောင်စော၊ အသက် ၁၄ နှစ်အရွယ် မောင်ကောင်းခန့်အောင်၊ အသက် ၅၀ နှစ်အရွယ် ဒေါ်မြတ်ကြည်၊ အသက် ၆၅ နှစ်အရွယ် ဒေါ်၀င်းမြိုင် ၆၅ တို့ ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မောင်ဝေလျှံထက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article