34 C
Yangon

ကော့သောင်းမြို့နယ်၊ မာရမ်းကျေးရွာတွင် စစ်တပ်က အိမ်ထောင်စုစာရင်းကောက်ယူပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မာရမ်းကျေးရွာတွင် စစ်တပ် အိမ်ထောင်စု စာရင်းများ ကောက်ယူပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်ဝန်းကျင် ကော့သောင်းမြို့မှ အကြမ်းဖက်စစ်သားနှင့်ရဲ အင်အား ၃၀ ခန့်က စက်လှေအကြီးတစ်စီးဖြင့် လက်နက်ကြီး ၂ လက်၊ အခြား လက်နက်ခဲယမ်းပစ္စည်းများ တင်ဆောင်ကာ မာရေးကျေးရွာ ရဲစခန်းသို့ အင်အားဖြည့်တင်းခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ် သား၊ ရဲနှင့် ကျေးရွာအုပ်ချုပ်ရေးများက ယင်းကျေးရွာတွင် အိမ်ထောင်စုရင်းများ လိုက်လံကောက်ယူခဲ့ကြောင်း သိရ သည်။

“ရဲစခန်းကို လက်နက်ခဲယမ်းတွေဖြည့်တယ်၊ ပြီးတော့ ရဲစခန်းကိုကာဘို့ငါးပိုက်တွေလည်း ထားခဲ့ တယ်။ ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေ လာတိုက်မှာစိုးလို့ ငါးပိုက်တွေနဲ့ ကာမလို့တဲ့။ ရွာထဲမှာ အိမ်ထောင်စုစာရင်းတွေ လိုက်ကောက်မှတ်တမ်းဓာတ်ပုံတွေရိုက်ယူသွားတယ်၊ ပြီးမှ မာရမ်းရွာသား တစ်ဦးရယ်၊ ဆိတ်ဖူးရွာသားတစ်ဦးကို စစ်တပ်က မျက်နှာစည်း ဖမ်းဆီးပြီးတော့ ကော့သောင်းကို ပြန်သွားတာ” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ထိုသို့ အိမ်ထောင်စုရင်းများ လိုက်လံကောက်ယူပြီးနောက် မာရမ်း ကျေးရွာသားတစ်ဦးနှင့် ဆိတ်ဖူးကျေးရွာသားတစ်ဦးတို့ကို အကြောင်းမဲ့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်တပ်က မင်းလှတွင် သန်းခေါင်စာရင်းကောက်ယူနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article